Main menu

Background

ယခုတစ်ပတ် မတ်ပဲ FOB ရောင်းဝယ်မှု အနည်းငယ်လျော့

Mon, 05/21/2012 - 05:59 -- Anonymous (not verified)

    ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခင် တစ်ပတ်က မတ်ပဲတန် သုံးသောင်းကျော်ရောင်းဝယ်ခဲ့ရာမှ ယခုတစ်ပတ် (မေလ ၁၂ ရက်မှ ၁၇ ရက်အထိ) အတွင်းမှာတော့ မတ်ပဲ FAQ ၊ SQ စုစုပေါင်း တန် ချိန် ၂၃၀၀၀ ကျော်အရောင်းအဝယ်စာချုပ်ခဲ့ကြောင်း သိရပါတယ်။ အရောင်း အဝယ်ဖြစ်တာကတော့ မတ်ပဲ FAQ  များသာ ဖြစ်ကြောင်းသိရပါတယ်။ ယခင် တစ်ပတ်အတွင်း မတ်ပဲအရောင်းအဝယ်သွက်ခဲ့ပေမဲ့ ယခုတစ်ပတ်မှာတော့ ရုတ် တရက်အဝယ်တန့်သွားတဲ့အတွက် အရောင်းအဝယ်လျော့ကျခြင်းဖြစ်တယ်လို့ သိရ ပါတယ်။     ရန်ကုန် FOB ဈေးအနေနဲ့ မတ်ပဲ SQ အသစ်ဈေးအနည်းငယ်သာ လျော့ကျ ပေမဲ့ ကျန်ပဲများကတော့ ငြိမ်နေကြောင်းသိရပါတယ်။ မေလ ၁၈ ရက်မှာ မတ်ပဲ အသစ် FAQ တစ်တန် ကန်ဒေါ်လာ ၅၀၀-၅၂၀၊ မတ်ပဲအဟောင်း FAQ တစ်တန် ကန်ဒေါ်လာ ၄၈၀-၅၀၀ နဲ့ အဟောင်း SQ  တစ်တန် ၅၂၀-၅၄၀ နဲ့ ငြိမ်နေပြီး မတ်ပဲအသစ်  SQ မှာ ယခင်တစ်ပတ်က ကန်ဒေါ်လာ ၅၇၀-၅၉၀ ရှိရာမှ ကန် ဒေါ်လာ ၅၆၀-၅၈၀ ကို ကျဆင်းခဲ့ကြောင်း သိရပါတယ်။MIRT - MAPT