Main menu

Background

အိန္ဒိယမတ်ပဲဈေးကွက် အရောင်းအဝယ်အေးပြီး ဈေးအနည်းငယ်လျော့

Mon, 05/21/2012 - 06:01 -- Anonymous (not verified)

    အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ယခုတစ်ပတ် အရောင်းအဝယ်အေးပြီး မတ်ပဲဈေးအနည်းငယ် လျော့လာ တာတွေ့ရပါတယ်။ ပြုပြင်ထားတဲ့ မတ်ပဲ ရောင်းချ မှု ပုံမှန်ရှိနေပေမဲ့  လက်ကားဈေးကွက်မှာတော့ လတ်တလော အရောင်း အဝယ် အေးပြီး မြန်မာမတ်ပဲဈေးလည်း အနည်းငယ်လျော့ကျတယ်လို့ သိရပါတယ်။ ယခု တစ်ပတ်အတွင်းမွန်ဘိုင်းဆိပ်ကမ်းကို မြန်မာမတ်ပဲကွန်တိန်နာ ၁၈၄ လုံး ဝင်ရောက် မှုရှိကြောင်း သိရပါတယ်။ လတ်တလောရောင်းဝယ်မှုအရ လက်ရှိဈေးဝန်းကျင်နဲ့ အရောင်းအဝယ်ဖြစ်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်တွေ မှာ ဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်-    ဒေါ်လာ/ တန်                    ၁၇-၅-၂၀၁၂    ၁၆-၅-၂၀၁၂    ၁၅-၅-၂၀၁၂    ၁၄-၅-၂၀၁၂မွန်ဘိုင်း              ၅၆၆               ၅၆၆               ၅၇၆             ၅၇၇ဒေလီ                 ၆၁၇                ၆၁၅               ၆၂၂             ၆၂၄ချန်နိုင်း                ၆၁၃               ၆၀၁               ၆၀၈              ၆၁၅MIRT(MAPT)