Main menu

Background

ပြည်ဈေးကွက်ကို မတ်ပဲအဝင် နည်းလာခဲ့သလို ဈေးလည်းငြိမ်

Mon, 05/21/2012 - 06:03 -- Anonymous (not verified)

    ပြည်ဈေးကွက်ကို ယခုရက်အတွင်း မကွေးတိုင်းဒေသကြီး၊ ကံမဘက်မှ မတ်ပဲ အဝင်နည်းလာခဲ့ တာကို တွေ့ရပါတယ်။ ပေါင်းတလည်၊ ပေါက်ခေါင်း၊ ပန်းတောင်း၊ ဥသျှစ်ပင်ဘက်မှ တစ်နေ့ အိတ် ၄၀၀-၅၀၀ ခန့် အဝင်ရှိခဲ့ပေ မယ့် လှောင်သမားများ အဝယ်သိပ်မရှိတော့ဘဲ ရန်ကုန်ဝယ်လက်သာ အဝယ်ရှိနေတာကို တွေ့ရ ပါတယ်။ ပဲတစ်တင်းကို ၁၂၄၀၀ ကျပ်ရှိပြီး၊ ဈေးကတော့ အေးနေတာတွေ့ရပါတယ်။ တချို့ ရက်တွေမှာ အိတ် ၇၀၀-၈၀၀ ခန့်အထိ အရောင်းအဝယ်ဖြစ်ခဲ့ကြပြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ပြည်ဘက်မှ ရန်ကုန်ဘုရင့်နောင်ကို ပဲစီးဆင်းမှု အနေနဲ့ တစ်နေ့အိတ် ၃၅၀၀ ခန့် တင်ပို့မှုရှိတယ်လို့ သိရပါတယ်။                          မိမိအေး