Main menu

Background

ပဲစင်းငုံ တင်ပို့မှု ယခင်တစ်ပတ်ထက် အနည်းငယ်ပို

Mon, 05/21/2012 - 06:16 -- Anonymous (not verified)

    ပင်လယ်ရေကြောင်းက ပဲစင်းငုံတင်ပို့မှုမှာ ယခင်တစ်ပတ်ထက် အနည်းငယ်ပို လာခဲ့ပါတယ်။ ယခင်တစ်ပတ် က တန် ၃၅၀၀ တင်ပို့ခဲ့ရာမှ ယခုတစ်ပတ်  (မေ ၇-၁၂ရက်) အတွင်းမှာတော့ တန်ချိန် ၄၃၀၀ ကျော်တင်ပို့ခဲ့တာ တွေ့ရပါတယ်။ ဒါပေမဲ့လည်း အခြား ပဲတင်ပို့မှုနဲ့ယှဉ်ရင် ပဲစင်းငုံမှာ ပမာဏနည်းနေတာ တွေ့ရပါ တယ်။ ၂၀၁၂-၁၃ ဘဏ္ဍာနှစ် မေ ၁၁ ရက်အထိ ပဲစင်းငုံတင်ပို့မှုအနေနဲ့ တန်ချိန် ၂၀၀၀၀ ကျော်ရှိပြီး ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၁၁ သန်းကျော်ရရှိခဲ့ကာ ယခင် ဘဏ္ဍာနှစ်ကာလတူမှာ တန်ချိန် တစ်သောင်းကျော်တင်ပို့ခြင်းမှ ကန်ဒေါ်လာ ၉ သန်းခန့်ရရှိကြောင်း သိရပါတယ်။ လက်ရှိရောင်းဝယ်မှုအခြေအနေအရ လာမယ့် သီတင်းပတ်မှာလည်း ပဲစင်းငုံတင်ပို့မှု အားပျော့ဖွယ်ရှိပါတယ်။MIRT - MAPT