Main menu

Background

ရန်ကုန် FOB မှာ ပဲစင်းငုံ အရောင်းအဝယ်ဖြစ်မှု လျော့ကျ

Mon, 05/21/2012 - 06:18 -- Anonymous (not verified)

    ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ယခုတစ်ပတ် ပဲစင်းငုံ ရောင်းဝယ်မှုပါးကြောင်း သိရပါတယ်။ အိန္ဒိယကုန်သည်တွေထံမှာ ပဲစင်းငုံလက် ကျန်နည်းပြီး ဝယ်လိုအားရှိပေမဲ့ ရူပီးတန်ဖိုး ဆက်လက်ကျဆင်းနေခြင်းနဲ့ ကွန်တိန်နာ ငှားရမ်းခမှာလည်း တစ်ပတ်ထက်တစ်ပတ် ပိုလာတာကြောင့် ယခုတစ်ပတ်မှာ အဝယ် တန့်လာခဲ့တယ်လို့ သိရပါတယ်။ ရန်ကုန် FOB ဈေးကွက်မှာ မေ ၁၁ ရက်မှ ၁၇ ရက်အထိ ပဲစင်းငုံတန်ချိန် ၇၀၀၀ ကျော်သာ အရောင်းအဝယ်စာချုပ် နိုင်ခဲ့လို့ ယခင်တစ်ပတ်အရောင်းအဝယ်ဖြစ်တဲ့ တန်ချိန် ၁၄၀၀၀ ထက် ထက်ဝက် ကျဆင်းခဲ့ပါတယ်။ ဝယ်လိုအားပါးတာကြောင့် ရန်ကုန် FOB ဈေးလည်း ကျဆင်း ခဲ့ပါတယ်။    ဒေါ်လာ/တန်                 ငုံနီ(အသစ်)    ဖြူနီ၊အဖြူ(အသစ်)    ငုံနီ(အဟောင်း)    ဖြူနီ၊အဖြူ(အဟောင်း)၁၈-၅-၁၂       ၅၆၀-၅၈၀         ၄၇၀-၄၉၀             ၅၃၅-၅၅၀            ၄၂၀-၄၄၀၁၁-၅-၁၂       ၅၇၀-၅၉၀         ၄၈၀-၅၀၀             ၅၄၀-၅၆၀            ၄၃၀-၄၅၀MIRT(MAPT)