Main menu

Background

ယခုတစ်ပတ် အိန္ဒိယ ပဲစင်းငုံဈေး တစ်ဖန်ပြန်လျော့

Mon, 05/21/2012 - 06:20 -- Anonymous (not verified)

    အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ယခင်တစ်ပတ်က ပဲစင်းငုံဈေး သိသိ သာသာပိုခဲ့ရာမှယခုတစ်ပတ်မှာ တစ်ဖန်ပြန်လည်လျော့ကျလာခဲ့ပါတယ်။ လက်ကား ဈေးကွက်တွေမှာ ကုန်သည်များနဲ့ ပဲခွဲစက်များမှ ဝယ်ယူမှုနည်းနေ တဲ့အတွက် ပြည်တွင်းပဲစင်းငုံဈေးရော တင်သွင်းပဲဈေးပါ လျော့ကျခဲ့ကြောင်း သိရပါတယ်။ အချို့ ဈေးကွက်တွေမှာတော့ ကုန်သည်များအနေနဲ့ လက်ကျန်ပဲဟောင်းများ သိုလှောင် ထားပေမဲ့ပဲစင်းငုံဈေးက ငြိမ်နေတယ်လို့ သိရပါတယ်။ ယခုတစ်ပတ်အတွင်း မွန်ဘိုင်း ဆိပ်ကမ်းကို မြန်မာပဲစင်းငုံ ကွန်တိန်နာ ၁၀၉ လုံး၊ တန်ဇန်းနီးယား ပဲစင်းငုံကွန်တိန်နာ ၃၀ လုံး ဝင်ရောက်ကြောင်း သိရပါတယ်။ ဈေးကွက်တွေမှာ ဖြစ်ပေါ်တဲ့ ဈေးနှုန်း များ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်-    ဒေါ်လာ/ တန်                ၁၇-၅-၂၀၁၂    ၁၆-၅-၂၀၁၂    ၁၅-၅-၂၀၁၂    ၁၄-၅-၂၀၁၂မွန်ဘိုင်း            ၆၁၂             ၆၁၀              ၆၃၄               ၆၃၃ဒေလီ               ၆၅၄             ၆၆၁              ၆၆၄               ၆၇၀ချန်နိုင်း               -                ၆၄၃              ၆၅၅               ၆၅၆MIRT(MAPT)