မုံရွာကုန်စည်ဒိုင် မေလ လဝက်ပဲဈေးကွက်မှာ ပဲစင်းငုံနီဟာ တစ်တင်း ၁၃၅၀၀ ကျပ်နဲ့ ၁၃၇၀၀ ကျပ်ကြား ဈေးငြိမ်ခဲ့ပြီး၊ ရန်ကုန်ဝယ်လက်အနည်းငယ်သာရှိလို့ ဈေးကွက်ဆက်လက်ရှင်သန်လျက်ရှိပါတယ်။ Exporter တွေအနေနဲ့ ပြည်ပပဲဈေး ကွက်ကို အခြေခံပြီး ပြည်တွင်းငုံနီဈေးကို ဝယ်ယူနေရတဲ့အတွက် တက်ဈေး မပေး နိုင်သလို တောင်သူတွေအနေနဲ့ ဈေးလည်းမကြိုက်၊ ပဲလက်ကျန်လည်းနည်းတာ ကြောင့်မရောင်းလိုဘဲ ကုန်သည်လှောင် လက် သမားတွေကလည်း လောလောဆယ် ပေါက်ဈေးဟာ ရှုံးနေတဲ့အတွက် ရောင်းလိုမှုမရှိကြလို့ အဝယ်အရောင်းေ အး နေခြင်းဖြစ်ကြောင်း ကုန်သည်ရပ်ကွက်ကဆိုပါတယ်။ ယခုတစ်ပတ်အတွင်း မုံရွာ ကုန်စည်ဒိုင်မှာ ပဲစင်းငုံတစ်တင်း ၁၃၅၀၀ ကျပ်မှ ၁၃၇၀၀ ကျပ်ထိဈေးပေါက်ခဲ့ပြီး တစ်နေ့အိတ် ၅၀၀ မှ ၁၀၀၀ ကြား အရောင်းအဝယ်ဖြစ်ခဲ့ကာ ဝယ်လက်အနေနဲ့ ရန်ကုန်ဝယ်လက်ဖြစ်တယ်လို့ဆိုပါတယ်။ မုံရွာကနေရန်ကုန်ကို တစ်ပတ်အတွင်း ပဲစင်းငုံနီ အိတ် ၄၅၀၀ ခန့်သာ တင်ပို့ခဲ့တယ်လို့သိရပါတယ်။ထွန်းလှိုင်
Background