ဈေးကွက်တွေမှာ ပဲလွန်းဖြူ အရောင်းအဝယ် လျော့ပေမဲ့ ပင်လယ် ရေကြောင်းတင်ပို့မှုက ယခုတစ်ပတ် လည်း ပုံမှန်ရှိနေပါတယ်။ မေလ ၇ ရက်မှ ၁၁ ရက်အထိ တစ်ပတ်အတွင်း ဗီယက်နမ်၊ ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ ကိုရီးယား၊ အိန္ဒိယနဲ့ ပြင်သစ်ကို တန် ၁၃၀၀ ခန့် တင်ပို့ခဲ့ပါတယ်။၂၀၁၂-၁၃ ဘဏ္ဍာနှစ်မေလ ၁၁ ရက်အထိ ပဲလွန်း ဖြူ စုစုပေါင်းတင်ပို့မှုမှာ တန်ချိန် ၇၅၀၀ ခန့်နဲ့ ရရှိတဲ့ဝင်ငွေမှာ ကန်ဒေါ်လာ ၅ ဒသမ ၆ သန်းခန့်ရှိလို့ ယခင်ဘဏ္ဍာနှစ် ကာလတူတင်ပို့ခဲ့တဲ့ တန်ချိန် ၅၈၀၀ ခန့်မှ ရရှိတဲ့ဝင်ငွေ ကန်ဒေါ်လာ ၅ ဒသမ ၂ သန်းနဲ့ ယှဉ်ရင် ရရှိတဲ့ ဝင်ငွေ လျော့နည်းတာ သိရပါတယ်။ ပြည်တွင်းဈေးကွက်အသီးသီးမှာ လက်ကျန်နည်းလာလို့ အရောင်း အဝယ်လျော့သလိုရန်ကုန် FOB ဈေး ကွက်မှာလည်း ယခုတစ်ပတ် (မေလ ၁၂-၁၇ ရက်) အတွင်း တန်ချိန် ၃၅၀ ခန့်သာ အရောင်းအဝယ် စာချုပ်နိုင်ခဲ့ ကြောင်း သိရပါတယ်။ ယခင်တစ်ပတ် အရောင်းအဝယ်ဖြစ်ခဲ့တဲ့ တန် ၁၇၀၀ နဲ့ ယှဉ်ရင်များစွာလျော့နည်းတာ တွေ့ရ ပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ ပြောင်းလဲမှုမရှိဘဲ မေ ၁၈ ရက်မှာ လည်း FAQ တစ်တန် ကန်ဒေါ်လာ ၆၆၀-၆၈၀ နဲ့ SQ တစ်တန် ကန်ဒေါ် လာ ၇၉၀-၈၁၀ ရှိကြောင်း သိရပါ တယ်။MIRT - MAPT
Background