ပင်လယ်ရေကြောင်းမှ ပဲတီစိမ်းတင်ပို့ရာမှာ အိန္ဒိယ၊ ပါကစ္စတန်တို့ကို ပမာဏအချို့တင်ပို့မှုရှိပေမဲ့ ဗီယက်နမ်မှ တစ်ဆင့် တရုတ်ဘက်ကိုတင်ပို့တဲ့ ပမာဏများလို့ ယခုတစ်ပတ် (မေလ ၇-၁၁ ရက်) အတွင်းမှာ ပဲတီစိမ်းတန်ချိန် ၁၃၀၀၀ ခန့်အထိ တင်ပို့နိုင်ခဲ့တယ်လို့သိရပါတယ်။ ယခင်တစ်ပတ်က တန်ချိန် ၆၅၀၀ သာ တင်ပို့ခဲ့လို့ ယခုတစ်ပတ်မှ ပိုတင်လာခဲ့ပါတယ်။ ၂၀၁၂-၁၃ ဘဏ္ဍာနှစ် မေလ ၁၁ ရက်အထိ ပဲတီစိမ်း စုစုပေါင်းတင်ပို့ပြီး စီးမှုအနေနဲ့ တန်ချိန် ၄၄၅၀၀ ကျော်ရှိပြီး ရရှိတဲ့ ဝင်ငွေမှာ ကန်ဒေါ်လာ ၃၃ သန်းကျော်ရှိကြောင်း သိရပါတယ်။ ယခင်ဘဏ္ဍာနှစ် ကာလတူမှာ တန်ချိန် ၃၃၀၀၀ ကျော်နဲ့ ဝင်ငွေမှာ ကန်ဒေါ်လာ ၃၉ သန်းကျော်ရှိလို့ ယခုနှစ်ကာလတူ မှာပမာဏအားဖြင့် တန်တစ်သောင်းကျော်ပိုမိုတင်ပို့ပေမဲ့ ရရှိတဲ့ ဝင်ငွေမှာ ကန်ဒေါ်လာ ၆ သန်းခန့် လျော့ကျတာတွေ့ရပါတယ်။MIRT - MAPT
Background