Main menu

Background

ရန်ကုန် FOB ဈေးကွက်မှာ ပဲတီစိမ်း ပုံမှန် အရောင်းအဝယ်ဖြစ်

Mon, 05/21/2012 - 06:40 -- Anonymous (not verified)

    ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင်မှာ အခြားပဲများ ရောင်းဝယ်မှုအားလျော့ကျပေမဲ့ ပဲတီစိမ်း၊ ပဲတီရွှေဝါ ကတော့ ယခင်တစ်ပတ် ပမာဏလိုဘဲ အရောင်းအဝယ်ဖြစ်တာတွေ့ရပါတယ်။ မေလ ၁၂ ရက်မှ ၁၇ ရက်အတွင်း ပဲတီစိမ်း၊ ပဲတီရွှေဝါ စုစုပေါင်း တန်ချိန် ၉၅၀၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ တရုတ်ဝယ်လက်မှ နယ်စပ်ကုန်သွယ်မှုမှ တစ်ဆင့် ဝယ်ယူမှုအားကောင်းနေသလို ပင်လယ်ရေကြောင်းကလည်း ဝယ်ယူမှုရှိနေတယ် လို့ သိရပါတယ်။    ရန်ကုန် FOB ဈေးအနေနဲ့ ယခင်တစ်ပတ်ဈေးအတိုင်း ငြိမ်နေပါတယ်။ မေလ ၁၈ ရက် ရန်ကုန် FOB ဈေးမှာ ပဲတီ စိမ်း FAQ တစ်တန် ကန်ဒေါ်လာ ၆၅၀-၆၇၀၊ ရွှေဝါအသေး တစ်တန် ကန်ဒေါ်လာ ၈၀၀-၈၂၀ နဲ့ ရွှေဝါအကြီး တစ်တန် ကန်ဒေါ်လာ ၈၈၀-၉၀၀ ရှိကြောင်း သိရပါတယ်။MIRT - MAPT