Main menu

Background

အိန္ဒိယဈေးကွက်တွေကို ပဲတီစိမ်းအဝင်ရှိလို့ ဈေးကျဆင်းလာ

Mon, 05/21/2012 - 06:50 -- Anonymous (not verified)

    အိန္ဒိယပြည်တွင်းဈေးကွက်တွေကို လွန်ခဲ့တဲ့ရက်အတွင်း နွေပဲတီစိမ်းတွေ ဝင်ရောက်မှုတိုးလာပြီး ဝယ်ယူမှုနည်းတာကြောင့် ယခင်တစ်ပတ်ထက်ဈေးကျဆင်းခဲ့ပါတယ်။ ပဲတီစိမ်းထပ်မံဝင်ရောက်မှု တိုးလာခဲ့ရင် လာမယ့်ရက်တွေမှာ ဈေးဆက်လက်ကျ ဆင်းဖွယ်ရှိတယ်လို့လည်းကုန်သည်များကဆိုပါတယ်။ ဒေသတွင်းဈေးကွက်တွေကို နွေပဲတီစိမ်းသစ်များ ဝင်ရောက်မှုက တစ်နေ့ အိတ် ၃၀၀-၄၀၀ နဲ့ အရှိန်ရလာပြီလို့ သိရပါတယ်။ ယခုတစ်ပတ်အတွင်း မွန်ဘိုင်းဆိပ်ကမ်းကို မြန်မာပဲတီစိမ်းကွန်တိန်နာ ၇၄ လုံး၊ တန်ဇန်းနီးယားမှ ၄၀ လုံးနဲ့ သြစတြေးလျပဲတီစိမ်း ၄၆ လုံး ဝင်ရောက်ကြောင်း သိရပါတယ်။ ဈေးကွက်တွေမှာ ဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်-     ဒေါ်လာ/ တန်                           ၁၇-၅-၂၀၁၂    ၁၆-၅-၂၀၁၂    ၁၅-၅-၂၀၁၂    ၁၄-၅-၂၀၁၂မွန်ဘိုင်း(ပဲတီရွှေဝါ)      ၇၉၂                 ၇၈၉            ၈၁၇               ၈၃၈ဒေလီ                        ၇၇၄                 ၇၇၁            ၈၃၆               ၈၃၈ချန်နိုင်း(ပဲတီရွှေဝါ)          -                   ၈၀၈            ၈၃၆               ၈၃၈MIRT(MAPT)