Main menu

Background

လေးနှစ်အတွင်း အိန္ဒိယပဲမျိုးစုံထုတ်လုပ်မှု ၄ ဒသမ ၁၄ သန်းတိုးတက်

Mon, 05/21/2012 - 06:52 -- Anonymous (not verified)

    အိန္ဒိယနိုင်ငံမှာ ပရိုတိန်းပြည့်ဝတဲ့ပဲကို ဝယ်လိုအားမြင့်တက်ခြင်းနဲ့ ှ၎င်းင်းရဲ့ကျန်းမာရေးတန်ဖိုးတို့ကြောင့် ပဲနှစ်စဉ်စားသုံးမှု ကြီးထွားလျက်ရှိနေပါတယ်။ နိုင်ငံအတွင်း ပဲမျိုးစုံရောင်းချမှုနဲ့ ဝယ်လိုအားကွာဟမှုလျော့ကျစေဖို့ နိုင်ငံအတွင်း ထုတ်လုပ်မှု မြှင့်တင် လျက်ရှိရာ ၂၀၀၆-၀၇ မှာ ပဲမျိုးစုံထုတ်လုပ်မှုတန်ချိန် ၁၄ ဒသမ ၀၆ သန်းရှိရာမှ ၂၀၁၀-၁၁ မှာ တန်ချိန် ၁၈ ဒသမ ၂ သန်းကို လေးနှစ်အတွင်း တန်ချိန် ၄ ဒသမ ၁၄ သန်း တိုးတက်လာခဲ့တယ်လို့ သိရပါတယ်။    စိုက်ပျိုးရေးဝန်ကြီးဌာနစာရင်းအရ ပဲမျိုးစုံထုတ်လုပ်မှုတိုးတက်စေဖို့ အိန္ဒိယလယ်ယာထွက်ကုန်သုတေသန ကောင်စီမှ တစ်ဆင့် အစိုးရမှလုပ်ဆောင်ချက်များစွာနဲ့ ဆောင်ရွက်ခဲ့ပါတယ်။ အဓိကဆောင်ရွက်မှုတွေကတော့ မတူညီတဲ့ မြေအနေ အထားအလိုက် အလင်းအပူခံနိုင်တဲ့မျိုးစေ့များထုတ်လုပ်ခြင်း၊ ပဲစင်းငုံစပ်မျိုးများထုတ်လုပ်ခြင်း၊ အဓိကပဲမျိုးစုံမှာ ခံနိုင်ရည် ရှိတဲ့ အပင်များထားရှိခြင်း၊ ကောင်းမွန်တဲ့စိုက်ပျိုးရေးစနစ်များကျင့်သုံးခြင်း၊ ဇီဝမျိုးကွဲ ပေါင်းစပ်ထိန်းသိမ်းမှု စံချိန်တိုး တက်ခြင်း၊ နည်းပညာများအသုံးပြုခြင်းနဲ့ အရင်းအမြစ်များထိန်းသိမ်းခြင်း၊ စိုက်ပျိုး၊ ရိတ်သိမ်းေ>ခလှေ့ပြုပြင်ခြင်းတို့မှာ စက်အသုံးပြုမှုတိုးတက်ခြင်း၊ တောင်သူများရဲ့ လယ်ကွင်းအရောက် မျိုးစေ့ ထုတ်လုပ်မှုကို သရုပ်ပြဆောင်ရွက်ခြင်း တို့ဖြစ်ပါတယ်။    အဓိကအားဖြင့် ပြည်နယ်များအနေနဲ့ ကွင်းထဲအရောက် သီးနှံတိုးတက်ထုတ်လုပ်မှု စီမံကိန်းများအရ ဆောင်ရွက်မှု တိုးမြင့်ဖို့ တာဝန်ရှိရာ နိုင်ငံတော်စားနပ်ရိက္ခာဖူလုံရေးအဖွဲ့ (NFSM)၊ အရှိန်အဟုန်မြှင့် ပဲမျိုးစုံစီမံကိန်း အစရှိတဲ့ ပဲမျိုးစုံဖွံ့ဖြိုး တိုးတက်မှုစီမံကိန်းများစွာအရ တောင်သူများကို နည်းပညာနဲ့ ဗဟုသုတများတိုးတက်စေဖို့ ခရိုင်၊ ပြည်နယ်အဆင့် စိုက်ပျိုး ရေးရုံးများရဲ့ တာဝန်ဖြစ်တယ်လို့သိရပါတယ်။ ဒါ့အပြင် တောင်သူများ စိုက်ပျိုးရာသီမှာ နည်းပညာနဲ့သွင်းအားစုများ အချိန်မီ သုံးစွဲနိုင်ရေး ဈေးကွက်မှာရရှိဖို့ မိုးနဲ့ဆောင်းသီးနှံမတိုင်မီ အထူးအစီအစဉ် များလည်း ပြည်နယ်များက ဦးဆောင်ဦးရွက်ပြုလျက်ရှိတယ်လို့သိရ ပါတယ်။  ယမင်းရွှေစင်၊Source: Commodityonline