Main menu

Background

အိန္ဒိယဈေးကွက်မှာ ယခုတစ်ပတ် ကုလားပဲဈေး အနည်းငယ်အေး

Mon, 05/21/2012 - 06:57 -- Anonymous (not verified)

    ယခုတစ်ပတ်အတွင်း အိန္ဒိယကုလားပဲလက်ငင်းဈေးကွက်တွေမှာ ဝယ်လိုအား နည်းတာကြောင့် ကြိုပွိုင့်ဈေးပါ အနည်းငယ်ကျဆင်းခဲ့ပါတယ်။ ယခုတစ်ပတ် အတွင်း နေ့စဉ်ဈေးကွက်ကို ဝင်ရောက်မှု အနည်းငယ် လျော့ကျ ခဲ့ကြောင်း သိရပါ တယ်။ နိုင်ငံဈေးကွက်အားလုံးမှ နေ့စဉ်ဝင်ရောက်မှုဟာ ယခင်တစ်ပတ်က အိတ် ၁ ဒသမ ၈ သိန်း - ၂ သိန်းရှိရာမှ ယခုတစ်ပတ်မှာ အိတ် ၁ ဒသမ ၆ သိန်း - ၁ ဒသမ ၈ သိန်းကို လျော့ကျခဲ့ကြောင်း သိရပါ တယ်။ ကုန်စည်ဝယ်လိုအားလျော့ကျ နေတာကြောင့် ကုလားပဲ ကြိုပွိုင့်ဈေး ဆက်ကျဆင်းနိုင်ကြောင်း ခန့်မှန်းကြပါ တယ်။ ယခုတစ်ပတ်အတွင်း မွန်ဘိုင်းဆိပ်ကမ်းကို သြစတြေးလျကုလားပဲ ကွန်တိန်နာ ၇၈ လုံး၊ မြန်မာနဲ့ မက္ကစီကို မှ ကုလားပဲကွန်တိန်နာ ၅ လုံးစီ ဝင်ရောက်ကြောင်း သိရပါတယ်။    ဒေါ်လာ/ တန်               ၁၇-၅-၂၀၁၂    ၁၆-၅-၂၀၁၂    ၁၅-၅-၂၀၁၂    ၁၄-၅-၂၀၁၂မွန်ဘိုင်း           ၈၂၀             ၈၁၇              ၈၃၆              ၈၀၁ဒေလီ             ၇၉၇              ၇၉၉             ၇၈၉               ၇၉၆အင်ဒိုရီ            ၈၁၀            ၈၀၈               ၈၁၇              ၈၁၉MIRT(MAPT)