Main menu

Background

ကုလားပဲ တင်ပို့မှု သိသိသာသာပိုပေမဲ့ အရောင်းအဝယ်ဖြစ်မှုလျော့ကျ

Mon, 05/21/2012 - 06:55 -- Anonymous (not verified)

    ပင်လယ်ရေကြောင်းက ကုလားပဲရိုးရိုး၊ ကုလားပဲဖြူလုံးကြီး ပြည်ပတင်ပို့မှုမှာ ယခင်တစ်ပတ်ထက်သိသိသာသာပိုလာ ခဲ့ပါတယ်။ယခင်တစ်ပတ်က တန်ချိန် ၂၄၀၀ ကျော်သာရှိရာမှ ယခုတစ်ပတ်မှာ တန်ချိန် ၆၅၀၀ ကျော်အထိ တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။ အဓိကတင်ပို့တဲ့ နိုင်ငံတွေကတော့ အိန္ဒိယ၊ ပါကစ္စတန်နဲ့ ဘင်္ဂလား ဒေ့ရှ်တို့ကို ဖြစ်ပါတယ်။၂၀၁၂-၁၃ ဘဏ္ဍာနှစ် မေလ ၁၁ ရက်အထိ စုစုပေါင်း ကုလားပဲတင်ပို့မှု တန်ချိန် ၁၇၀၀၀ ကျော်ရှိပြီး ဝင်ငွေမှာ ကန်ဒေါ်လာ ၁၂ သန်း ကျော်ရရှိခဲ့လို့ ယခင်ဘဏ္ဍာနှစ် ကာလတူတင်ပို့ခဲ့တဲ့ တန်ချိန် ၁၂၀၀၀ နီးပါး၊ ဝင်ငွေကန်ဒေါ်လာ ၈ သန်းကျော်ထက် ပမာဏရော၊ ဝင်ငွေပါ ပိုမိုလာတာ တွေ့ရ ပါတယ်။ ပြည်ပကို တင်ပို့နေတဲ့ ပဲအားလုံးထဲမှာ ယခင်နှစ်ထက် ဝင်ငွေပိုမိုရရှိနေတဲ့ ပဲတစ်မျိုးဖြစ်နေပါတယ်။    ရန်ကုန် FOB ဈေးကွက်မှာ ရောင်းဝယ်မှုအနေနဲ့ မေလ ၁၂ ရက်မှ ၁၇ ရက်အထိ ကုလားပဲဖြူလုံးကြီးနဲ့ ကုလားပဲခွဲခြမ်းစုစုပေါင်း တန် ၂၅၀၀ ခန့်သာ ရှိခဲ့လို့ယခင်တစ်ပတ်ရောင်းဝယ်မှုထက် ထက်ဝက်လျော့ကျခဲ့ပါတယ်။ ပြည်ပ နိုင်ငံ များက ဝယ်လိုအားေ ကာင်းနေပေမဲ့ ပြည်တွင်းမှာရောင်းချမှုနည်းလာတယ်လို့ သိရ ပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ ပြောင်းလဲခြင်းမရှိဘဲ မေလ ၁၈ ရက်မှာလည်း FAQ တစ်တန် ကန်ဒေါ်လာ ၈၂၀-၈၄၀ ရှိကြောင်း သိရပါတယ်။MIRT - MAPT