Main menu

Background

ဝယ်လိုအားသွက်တဲ့ မုံရွာကုလားပဲဈေးကွက်

Mon, 05/21/2012 - 06:59 -- Anonymous (not verified)

    မုံရွာကုန်စည်ဒိုင် မေလလယ်ကုလားပဲဈေးကွက်မှာ ပစ္စည်းလက်ကျန်လျော့ နည်းလာတဲ့အတွက် ရောင်းလိုအားနည်းနေကာ ဝယ်လိုအားကတော့ ဆက်လက် ကောင်းမွန်နေဆဲဖြစ်လို့ ဈေးမာနေတယ်လို့ သိရပါတယ်။ ယခုတစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ကုလားပဲမျိုးစုံ တစ်တင်းပေါက်ဈေး အနိမ့်အမြင့်နဲ့ အရောင်းအဝယ် ဖြစ်မှုအခြေအနေကို လေ့လာကြည့်တဲ့အခါ V2  အနေနဲ့ အမြင့်ဆုံး ၁၉၅၀၀ ကျပ်ထိ ပေါက်ခဲ့ပြီး၊ အနိမ့်ဆုံး ၁၉၂၀၀ ကျပ်သာ ဖြစ်ခဲ့ကာ ရန်ကုန်ဝယ်လက်တွေ တစ်လ နီးပါးနေ့စဉ် ပုံမှန်အဝယ်ရှိတဲ့အတွက် တစ်ရက်အိတ်  ၁၅၀၀ ဝန်းကျင်အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ 929 ကတော့ တစ်တင်း ၁၈၄၀၀ ကျပ်မှာ ငြိမ်နေကာ ထိုင်ဝမ်က တစ်တင်း ၁၈၃၀၀ ကျပ်မှ ၁၈၆၀၀ ကျပ်အတွင်း ဈေးပေါက် ခဲ့ပြီး၊ရန်ကုန်ဝယ်လက်အနည်းငယ်နဲ့ ဒေသခံ စက်သမား၊ လက်လီသမားတွေ ပုံမှန် အဝယ်ရှိလို့ တစ်ရက်ကို အိတ် ၂၀၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ တယ်လို့ ကုန်သည် ရပ်ကွက်က ဆိုပါတယ်။ ရန်ကုန်ဝယ်လက် ဝယ်လိုအား ကောင်းခဲ့တဲ့ အတွက် ယခုတစ်ပတ် အတွင်း မုံရွာကနေ ရန်ကုန်ကိုV2   အိတ် ၁၀၀၀၀ ခန့်နဲ့ 929 ထိုင်ဝမ်အိတ် ၁၀၀၀၀ ခန့် တင်ပို့စီးဆင်းခဲ့တယ်လို့ ဈေးကွက်က သိရပါတယ်။ထွန်းလှိုင်