Main menu

Background

ပါကစ္စတန် ကုလားပဲအထွက် အရင်နှစ်ထက်နည်းလို့ ဈေးနှုန်းစံချိန်တင်မြင့်

Mon, 05/21/2012 - 07:01 -- Anonymous (not verified)

    ပါကစ္စတန်နိုင်ငံအတွင်း ကုလားပဲလက်ကားဈေးဟာ ယခင်တစ်ပတ်က တစ် ကီလို ရူပီး ၁၁၀(တစ်တန် ကန်ဒေါ်လာ ၁၂၁၀)ထိ မြင့်တက်ခဲ့ပါတယ်။ ဒါပေမယ့် မေလ ၁၁ ရက်မှာ အနည်းငယ်ကျဆင်းခဲ့ပေမယ့် တစ်ကီလို ရူပီး ၁၀၀ (တစ်တန် ကန်ဒေါ်လာ ၁၁၀၀)အထိ ရှိနေဆဲဖြစ်ပါတယ်။ ပန်ဂျပ်ပြည်နယ်အတွင်း ကုလားပဲ အသစ်များ စတင်ဝင်ရောက်လာသော်လည်း ယခုနှစ် ထွက်ရှိမှုအလွန်နည်းကြောင်း ကရာချိ လက်ကား ကုန်သည်များအသင်း(KWGA) ဥက္ကဌ Ainis  Majeed  မှ ပြောကြားပါတယ်။    ယခင်နှစ်က ကုလားပဲ တန်ချိန် ၅၅၀၀၀၀ ခန့် ထွက်ရှိခဲ့ရာမှ ယခုနှစ်မှာ တန်ချိန် ၁၀၀၀၀၀-၁၅၀၀၀၀ ခန့်သာ ထွက်ရှိနိုင်ကြောင်း ခန့်မှန်းထားပါတယ်။ ဒါကြောင့် ယခုနှစ်မှာ မြန်မာနဲ့ သြစတြေးလျက ပိုမိုတင်သွင်းဖို့ လိုအပ်မယ်လို့ ဆိုပါတယ်။ လက်လီဈေးများမှာ ယခုလအစပိုင်းက တစ်ကီလို ရူပီး ၁၁၅ (ကန်ဒေါ် လာ ၁ ဒသမ ၂၆) ရှိခဲ့ရာမှ ရူပီး ၁၂၀-၁၂၅ (ကန်ဒေါ်လာ ၁ ဒသမ ၃၂ - ၁ ဒသမ ၃၇)ကို မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ မတ်ပဲ လက်လီဈေး ကတော့ တစ်ကီလိုရူပီး ၁၀၀(ကန်ဒေါ်လာ ၁ ဒသမ ၁)ရှိပြီး၊ပဲနီလေးဈေးအနည်းငယ် တိုးပြီး၊ လက်ရှိမှာတစ်ကီလို ရူပီး ၉၀-၁၀၀(ကန်ဒေါ်လာသုညဒသမ ၉၉ -  ၁ ဒသမ ၁) ရှိကြောင်း သိရပါတယ်။                     ယမင်းခင်၊Source: dawn.com