အောင်ပန်းဈေးကွက်မှာတော့ ချင်း (စို) က အဝင်များနေပါတယ်။ တီကျစ်၊ နောင်တရားစတဲ့နယ်တွေက ချင်းတွေအဝင်များ လာပြီး၊ တစ်ရက်ပိဿာချိန် ၁၀၀၀၊ ၂၀၀၀ ခန့် ဝင်ရောက်မှုရှိတယ်လို့သိရပါတယ်။ ဒီတစ်လမှာ ချင်းထိုးသမားေ တွက လည်း အော်ဒါနည်းတာကြောင့် ယခင်လလောက်တောင် အရောင်းမသွက်ဘဲ၊ ခပ်အေးအေးသာ ရောင်းနေရတယ် လို့လည်း ဆိုပါတယ်။ မိုးတစ်ပြိုက်နှစ်ပြိုက်ကျ နေပြီဖြစ်တာကြောင့် ဇွန်လကုန်လောက်မှာ ချင်း (ဥမ) တွေ ပြန်ဖော်ရတော့ မှာ ဖြစ်ပါတယ်။ ချင်းအဝင်များလာတာကြောင့် ဈေးကလည်း အေးနေပါတယ်။ သြင်္ကန်ရှေ့ပိုင်းက တစ်ပိဿာ ၃၅၀ ကျပ်ဈေးရှိပြီး၊ သြင်္ကန်နောက်ပိုင်းမှာ ချင်း ဈေးက တစ်ပိဿာ ၂၅၀ ကျပ်ဈေးသာရှိပါတယ်။ ရှယ်ကြီးတွေက တစ်ပိဿာ ၃၀၀ ကျပ်ဈေးရှိတယ်လို့သိရပါတယ်။ ချင်းခြောက်ကတော့ အရည်အသွေးပေါ် မူတည်ပြီး တစ်ပိဿာ ၁၀၀၀ ကျပ်၊ ၁၁၀၀ ကျပ်၊ ၁၂၀၀ ကျပ်ဈေးရှိပါတယ်။ ဟိုပုံးမှာတော့ ချင်း (စို) အဝင် မရှိတော့ဘဲ ချင်းခြောက်သာအနည်းအကျဉ်း ရှိနေပါတယ်။ ချင်းခြောက် ကိုလည်း ဒေသတွင်း သုံးစွဲရန်အတွက် ဝယ်ယူမှုရှိနေတာ ကြောင့် တစ်ပိဿာ ၁၂၀၀ ကျပ်၊ ၁၃၀၀ ကျပ်ဈေး ရှိတယ်လို့သိရပါတယ်။ဧဧခိုင်
Background