Main menu

Background

အောင်ပန်းနနွင်းဈေးကွက် နနွင်းခြောက်အဝင်များ

Mon, 05/21/2012 - 07:20 -- Anonymous (not verified)

    နနွင်းခြောက်တွေကတော့ အဝင်များနေပါတယ်။ အဝင်များပေမဲ့ ရောင်းအားကတော့ သိပ်မကောင်းလာ ပါဘူး။ ပြည်တွင်း သုံးအတွက်သာ ဝယ်နေတာကြောင့် ဈေးကလည်းသိပ်မကောင်းပါဘူး။ ဟိုပုံးအရည်အသွေး ကောင်းတဲ့ ဟိုပုံးနနွင်း ကတော့ မူဆယ်ဝယ်လက်တွေအဝယ်ရှိစဉ်က တစ်ပိဿာ ၁၂၀၀ ကျပ်၊ ၁၃၀၀ ကျပ်ဈေးထိ ရခဲ့ပေမဲ့ ယခုလောလောဆယ်မှာ တော့ တစ်ပိဿာ ၁၀၀၀ ကျပ် အောက်ဈေးသာရှိပါတယ်။     အောင်ပန်းနနွင်းတွေမှာတော့ နနွင်းညံ့တွေကို ခြင်ဆေးခွေပြုလုပ်ဖို့သာဝယ်ယူမှုရှိပြီး၊ နနွင်းကောင်းတွေကိုတော့ အမှုန့် ကြိတ်ဖို့အတွက်ဈေးပတ်သမားတွေက တစ်ပတ်ကို ပိဿာချိန် ၃၀၀၊ ၄၀၀ ခန့်သာ ဝယ်ယူနေတယ် လို့ သိရပါတယ်။ နနွင်း ပေါက်ဈေးတွေက ရိုးရိုးနနွင်းတစ်ပိဿာ ၇၀၀ ကျပ်၊ ၈၀၀ ကျပ်၊ နနွင်းခေါင်းက ၃၀၀ ကျပ်၊ ၄၀၀ ကျပ်နဲ့ ဆင်တောင် နနွင်းကတော့ တစ်ပိဿာ ၁၂၀၀ ကျပ်ဈေးရှိပါတယ်။  ဧဧခိုင်