Main menu

Background

ပြည်ပ တင်ပို့မှုနဲ့ အဝယ်အမြောက်အမြားရှိလာလို့ အိန္ဒိယနနွင်းဈေး မြင့်တက်

Mon, 05/21/2012 - 07:22 -- Anonymous (not verified)

         အရည်အသွေးကောင်းနနွင်းကို ပြည်ပတင်ပို့သူများနဲ့ ပြည်တွင်းဝယ်လက်များမှဝယ်ယူမှုရှိလို့ မေလ ၁၆ ရက်မှာ တစ်တန် ကို ရူပီး ၁၀၀၀-၁၅၀၀(ကန်ဒေါ်လာ ၁၈ ဒသမ ၄၂ - ၂၇ ဒသမ ၆၄) ပိုမိုလာတယ်လို့ သိရပါတယ်။ လက်ကျန်ရဲ့  ၇၀ ရာခိုင်နှုန်းရောင်းထွက်ခဲ့တယ်လို့ သိရပါတယ်။ ပြည်ပတင်ပို့သူများက အရည်အသွေးကောင်း နနွင်းကို ပိုကြိုက်ကြပြီး အရည် အသွေးကောင်း နနွင်းအားလုံးနီးပါး ဝယ်ယူခဲ့တယ်လို့ သိရပါတယ်။    အချို့တင်ပို့သူများနဲ့ ပြည်တွင်းဝယ်လက်များဟာ ပြည်ပတင်ပို့သူများထံမှ အမှာအော်ဒါများ ရရှိခဲ့ကြ ပါတယ်။ နိုင်ငံ အထက်ပိုင်း တင်ပို့သူများက ထိုက်သင့်တဲ့ အော်ဒါများရရှိတာကြောင့် လက်ကျန်နနွင်းများ ဝယ်ယူကြပြီး၊ ချက်ချင်း တင်ပို့ခဲ့တယ် လို့ အီရော့ နနွင်းကုန်သည်များအသင်း ဥက္ကဌ မစ္စတာ အာကေဗွီရာဗီရှန်ကာမှ ပြောကြားပါတယ်။    မေလ ၁၆ ရက် တစ်ရက်ထဲမှာ အီရော့ အရည်အသွေးကောင်း နနွင်း အိတ် ၁၀၀၀ ကျော် ရောင်းချရတယ်လို့ ဆိုပါ တယ်။ ကြိုပွိုင့် ဈေး၂ ရာခိုင်နှုန်းခန့်ထိ မြင့်တက်ခဲ့ပေမယ့် ဒေသတွင်း ဈေးကွက်ဈေးနှုန်းကတော့ များများမတက်ဘူးလို့ သိရပါတယ်။ နနွင်းဥဝယ်လိုအားမြင့်တက်ခဲ့ပြီး၊ ပြည်ပတင်ပို့သူတွေက ပန်ဂျပ်မှ အော်ဒါ အသစ်များဖြည့်ဆည်းဖို့ သိုလှောင် လက်ကျန် အားလုံးနီးပါး ဝယ်ယူခဲ့တယ်လို့ သိရပါတယ်။    တောင်သူတွေက ဈေးကျဆင်းနေလို့ ဈေးကွက်ထဲ သယ်ယူမှုနည်းလာခဲ့ပေမယ့် ဝင်ရောက်မှု ကျဆင်းခဲ့ခြင်းက ဈေးနှုန်း မြင့်တက်ဖို့ဖြစ်လာတယ်လို့ စိုက်ပျိုးသူ တစ်ဦးက ဆိုပါတယ်။ အီရော့ နနွင်းကုန်သည်များ အသင်း ဈေးဝင်းမှာ နနွင်းလက် ချောင်းဈေးက တစ်တန် ရူပီး ၂၄၁၁၀-၃၆၆၁၀ (ကန်ဒေါ်လာ ၄၄၄-၆၇၅)ရှိပြီး၊ နနွင်းဥဈေးက ရူပီး ၂၃၁၉၀-၃၄၁၇၀ (ကန်ဒေါ်လာ ၄၂၇-၆၃၀)ရှိတယ်လို့ သိရပါတယ်။ယမင်းခင်၊Source: hindubusiness