ယခုရက်ပိုင်း ကျောက်ဆည်နယ်ထွက် နနွင်းတက်များ အရောင်းအေးပြီး ဈေးကျလာတယ်လို့ သိရပါတယ်။ ယမန်နှစ်က တစ်ပိဿာ ၂၈၀၀ ကျပ်- ၃၀၀၀ကျပ်ဈေးနဲ့ အဝယ်လိုက်ဈေးကောင်းရခဲ့သလောက် ဒီနှစ်မှာတော့ အနည်းငယ်သော တရုတ် ဝယ်လက်သာရှိခဲ့တဲ့အတွက် ဈေးအေးနေပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းက ထွက်တဲ့ဆင်တောင်နနွင်းက အဆီပိုများပြီး အရည်အသွေးကောင်းတဲ့အတွက် တရုတ်ဝယ် လက်တွေက ကျောက်ဆည်နနွင်းထက် ပိုပြီးကြိုက်နှစ်သက်လို့ ဈေးပိုပေးတယ်လို့ သိရပါတယ်။ ဈေးအေးလာတဲ့ ကျောက်ဆည် နနွင်းက တစ်ပိဿာ ၁၀၀၀ ကျပ်ဈေးနဲ့ အရောင်းအဝယ်ဖြစ်နေပါတယ်။ ယခင်ရက်ကထက် ၃၀၀ ကျပ်ဈေးလျော့လာတယ် လို့ ပြောပါတယ်။ကားသယ်ခမှာကျောက်ဆည်မှမူဆယ် တစ်ပိဿာ ၁၂၀ ကျပ်ရှိတယ်လို့ သိရပါတယ်။ အဝယ်အေးနေတဲ့ ကာလ မှာ ကျောက်ဆည်နနွင်းကုန်သည်များရဲ့ လက်ဝယ်မှာ ပိဿာချိန် ၇ သိန်း၊ ၈ သိန်းဝန်းကျင် လက်ကျန်ရှိနေတယ်လို့ ကုန်သည် တစ်ဦးက ခန့်မှန်းပြောပြပါတယ်။သင်းသင်းမြတ်
Background