Main menu

Background

ပြန်လည်မြင့်တက်လာတဲ့ ဒေါ်လာဈေးကွက်

Mon, 05/21/2012 - 07:35 -- Anonymous (not verified)

ယခင်သီတင်းပတ်တွေက ငြိမ်သက်နေခဲ့သည့်အမေရိကန်ဒေါ်လာဈေးကွက် သည် ပြန်လည်မြင့်တက်ခဲ့သည်ကို တွေ့ရသည်။  ထိုကဲ့သို့ အမေရိကန်ဒေါ်လာငွေ လဲလှယ်သည့်တန်ဖိုးမြင့်တက်လာရခြင်းမှာ မော်တော်ယာဉ်တင်သွင်းခွင့်များကို မည်သူမ ဆို နိုင်ငံခြားငွေစာရင်းဖွင့်လှစ်၍ တင်သွင်းခွင့်ရသည်ဆိုခြင်းကြောင့် ဖြစ်ရ သည်ဟု ငွေလဲစင်တာများမှ သိရသည်။မေ ၁၈ ရက်က ဗဟိုဘဏ်မှသတ်မှတ်ပေးသည့် တစ်ဒေါ်လာလျင် ၈၃၃ကျပ် အား ငွေလဲစင်တာများတွင် ရောင်းဈေး ၈၄၂ ကျပ် ဝယ်ဈေး ၈၃၂ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်ကို တွေ့ရသည်။ပုဂ္ဂလိကငွေလဲစင်တာများဖြစ်သည့် အေဂျီဒီဘဏ်နှင့် သမဝါယမဘဏ်တို့ တွင်လည်း ရောင်းဈေး ၈၄၂ ကျပ် ဝယ်ဈေး ၈၃၂ ကျပ်ဖြင့် လိုသလောက် အရောင်း အဝယ်ပြုလုပ်လျက်ရှိကြောင်း သိရသည်။"ကျွန်မတို့ဘဏ်မှာ ကားတင်သွင်းမယ့် ပြည်သူတွေ ဘဏ်မှာငွေသွင်းလို့ရ အောင် လိုသလောက်ရောင်းချပေးနေပါ တယ်။ ဈေးကတော့ ဗဟိုဘဏ်က သတ် မှတ်ပေးတဲ့ဈေးကို သိမ်ဖြူငွေလဲစင်တာမှာ ဈေးပေါ်မူတည်ပြီး ရောင်းပေးတာပါ။ ကားတင် သွင်းမယ့်သူတွေ များလာတာနဲ့အမျှ ဒေါ်လာဈေးက နည်းနည်းချင်းစီ တက်လာမှာပဲ"ဟု အေဂျီဒီဘဏ်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။                                           မယ်သီတာ