Main menu

Background

ဘိလပ်မြေတံဆိပ်မျိုးစုံတန်ချိန် နှစ်သောင်းခုနစ်ထောင်ကျော်ဝင်

Mon, 05/21/2012 - 08:48 -- Anonymous (not verified)

ဘိလပ်မြေတံဆိပ်မျိုးစုံတန်ချိန် နှစ်သောင်းခုနစ်ထောင်ကျော်ဝင်ဒီသီတင်းပတ်ဖြစ်တဲ့ မေ ၆ ရက်မှ ၁၂ ရက်တာကာလအတွင်း ဘိလပ်မြေ တန်ချိန် ၂၇၆၈၇ ဒသမ ၉၅၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာနှစ်ဆယ့်နှစ်သိန်းကျော် ဖိုးကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ မှာယူတင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ် တင်သွင်းခဲ့တဲ့ ဘိလပ်မြေများမှာ ထိုင်းနိုင်ငံမှ မောင်းတိန်း ဘိလပ်မြေ တန်ချိန် ၁၇၀၀၊ ဆင်တံဆိပ်ဘိလပ်မြေ တန်ချိန် ၁၇၂၀၀၊ အခြားတံဆိပ်မျိုးစုံတန်ချိန် ၁၁၈၄  ဒသမ ၈၅ တန်နဲ့ စိန်တံဆိပ်ဘိလပ်မြေ တန်ချိန် ၇၆၀၀၊ တရုတ်နိုင်ငံမှ ဘိလပ်မြေ ၃ ဒသမ ၁၀ တန်တင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ်တန်ချိန် တစ်သောင်းနှစ် ထောင်ကျော်တင်သွင်းခဲ့တာကြောင့် ဒီတစ်ပတ်တင်သွင်းခဲ့တဲ့ ဘိလပ်မြေတန်ချိန် နဲ့ကြည့်ရင် ၁ ဆကျော်လောက် ပိုမိုတင်သွင်းခဲ့တာတွေ့ရပါတယ်။    MIRT(DOT)နယ်စပ်မှ ဘိလပ်မြေအသွင်းလျော့မေ ၉ ရက်မှ ၁၅ ရက်ထိကာလအတွင်းမှာ နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ သုည ဒသမ ၁၂၅ သန်း တန်ဖိုးရှိတဲ့ ဘိလပ်မြေ ၁၅၆၂ တန်ခန့် အသွင်းရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် တန် ၃၈၀ နီးပါး အသွင်းလျော့ခဲ့ပါတယ်။ နယ်စပ် အလိုက်တင်သွင်းနိုင်မှုတွေကတော့ တာချီလိတ်မှ ၁၁၈၈ တန်ကျော်၊ မူဆယ်မှ ၂၄၃ တန်ကျော်နဲ့ မောင်တောမှ တန် ၁၃၀ အသီးသီး တင်သွင်းခဲ့တာ ဖြစ်ပါတယ်။ တာချီလိတ်မှအသွင်းပိုသော်လည်း မူဆယ်နဲ့ မောင်တောမှ တင်သွင်းမှု ပမာဏ လျော့နည်းတဲ့အပြင် ယခုအပတ် မြိတ်နယ်စပ်မှ အသွင်းမရှိခဲ့တာကြောင့် ယခုအပတ်မှာ ယခင်အပတ်ကထက် တန် ၃၈၀ ကျော်နီးပါး တင်သွင်းမှုလျော့ နည်းခဲ့ရတာဖြစ်ပါတယ်။                                        MIRT(DOBT)ပြောင်းလဲမှုမရှိတဲ့ ဘိလပ်မြေဈေးကွက်မော်လမြိုင်ဈေးကွက်မှာ ဘိလပ်မြေက အရောင်းပုံမှန်ရှိတယ်လို့ အရောင်း ဆိုင်မှ ဝန်ထမ်းတစ်ဦးက ဆိုပါတယ်။ ဆင်(ထိုင်း)က အသုံးနည်းလု့ိ ဒီတစ်ပတ်မှာ ဈေးနည်းနည်းကျလာပါတယ်။ ပြည်တွင်းဘိလပ်မြေများက လူကြိုက်များလို့ ဒီတစ် ပတ်မှာ ဈေအနည်းငယ်တက်လာတယ်လို့ သိရပါတယ်။  ပြည်တွင်းဖြစ် ဘိလပ်မြေ များဖြစ်တဲ့ မြင်းခေါင်းက တစ်အိတ်ကို သုံးရာကျပ် ဈေးတက်ပြီး ကြံ့(မြိုင်ကလေး)က နှစ်ရာကျပ် ဈေးမြင့်လာပါတယ်။ ဒီတစ်ပတ် ဘိလပ်မြေဈေးများမှာ မြင်းခေါင်း ဘိလပ်မြေ ၃၃၀၀ ကျပ်၊ ကြံ့(မြိုင်ကလေး) ၃၉၀၀ကျပ်နဲ့ ဆင်(ထိုင်း) ၄၈၅၀ကျပ် တို့ဖြစ်ပါတယ်။ပဲခူးဈေးကွက်မှာ ဘိလပ်မြေက ပုံမှန်အရောင်းရှိတယ်လို့ အရောင်းဆိုင်မှ ဝန်ထမ်းတစ်ဦးက ဆိုပါတယ်။ အဝယ်အနည်းငယ်လိုက် လာတာကြောင့် ဈေးက လည်း တစ်အိတ်ကို ၁၀၀ ကျပ်နဲ့ ၂၀၀ ကျပ်အကြား ဈေးမြင့်လာပါတယ်။ ဒီတစ် ပတ်မှာတော့ ဆင်(ထိုင်း) က တစ်အိတ်ကို ၅၅၀၀ ကျပ်၊ စိန် (ထိုင်း)က တစ်အိတ်ကို ၅၂၀၀ ကျပ်နဲ့ ကြံ့(မြိုင်ကလေး)ကတစ်အိတ်ကို ၄၄၀၀ ကျပ်နဲ့ ရောင်းနေတယ်လို့ သိရှိရပါတယ်။တောင်ကြီးဈေးကွက်မှာ ဘိလပ်မြေကအရောင်းအေးနေတယ်လို့ အရောင်း ဆိုင်မှ ဝန်ထမ်းတစ်ဦးက ပြောပါ တယ်။ ဈေးကတော့ အပြောင်းအလဲမရှိပေမယ့် ခြင်္သေ့ဘိလပ်မြေက ၅၀၀ ကျပ်ဈေးမြင့်လာပါတယ်။ ဒီတစ်ပတ် အရောင်းအဝယ် ဖြစ်နေတဲ့ဈေးက စိန်(ထိုင်း) ၇၈၀၀ ကျပ်၊ ခြင်္သေ့က ၅၅၀၀ ကျပ်၊ မြို့တော် ၄၈၀၀ ကျပ်နဲ့ နဂါးက ၅၈၀၀ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။မန္တလေးဈေးကွက်မှာ ဒီတစ်ပတ်ဘိလပ်မြေက အရောင်းပုံမှန်ရှိတယ်လို့ ဘိလပ်မြေအရောင်းဆိုင်မှ ဝန်ထမ်းတစ်ဦးက ဆိုပါတယ်။ အရောင်းပုံမှန်ရှိပေမဲ့ ဈေးကတော့ ငြိမ်နေတယ်လို့ ဆိုပါတယ်။ အေသုံး လုံးက ၅၃၀၀ ကျပ်၊ မြန်မာဆင် ၅၀၀၀ ကျပ်၊ ဆင်(ထိုင်း) ၆၃၀၀ကျပ်၊ စိန်(ထိုင်း) ၆၂၀၀ကျပ်၊ ဆင်မင်း၅၀၀၀ကျပ်၊ ကျားခေါင်း ၅၁၀၀ ကျပ်၊ မြင်းခေါင်းက ၄၆၀၀ ကျပ်ဈေးတို့နဲ့ ဒီတစ်ပတ်ဈေး ကွက်မှာ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။မကွေးဘိလပ်မြေဈေးကွက်မှာ ဘိလပ်မြေက အရောင်းပုံမှန်ရှိတယ်လို့ သိရပါတယ်။ မကွေးမှာ အသုံးများတဲ့ ဘိလပ်မြေက ဆင်(ထိုင်း) နဲ့ မြင်းခေါင်းတို့ဖြစ် ပါတယ်။ ဘိလပ်မြေက အဝင်လည်း ပုံမှန်ရှိသလို အရောင်းလည်း ပုံမှန်ရှိနေတာ ကြောင့် ဈေးတွေကလည်းငြိမ်နေ တယ်လို့ ဘိလပ်မြေအရောင်းဆိုင်မှ အရောင်းဝန် ထမ်းက ဆိုပါတယ်။ ဒီတစ်ပတ်ဈေးကလည်း အရင်တစ်ပတ်ဈေးအတိုင်း ဆင် (ထိုင်း) ၅၉၀၀ ကျပ်နဲ့ မြင်းခေါင်းဘိလပ်မြေက ၄၄၀၀ ကျပ်ဖြစ်တယ်လို့ သိရပါ တယ်။                                                 MIRT(DOT)