Main menu

Background

ပြည်တွင်း နို့ဆီ လက်လီဈေးများ

Mon, 05/21/2012 - 08:51 -- Anonymous (not verified)

တစ်ပတ်အတွင်း ဒေါ်လာ ခြောက်သိန်းဖိုးနီးပါး တင်သွင်းဒုတိယပတ်ဖြစ်တဲ့ မေ ၆ ရက်မှ ၁၂ ရက်တာ ကာလအတွင်း နို့ဆီ ၂၄၃ ဒသမ ၁၉ တန်နဲ့ နို့စိမ်း ၂၀၄ ဒသမ ၃၈ တန်၊ စုစုပေါင်း ၄၄၇ ဒသမ ၅၇ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ခြောက်သိန်းနီးပါးဖိုးကို ပင်လယ်ရေ ကြောင်းကုန်သွယ်မှုလမ်းမှ မှာယူတင် သွင်းခဲ့ပါတယ်။  ဒီတစ်ပတ်မှာတော့ နို့ဆီရော နို့စိမ်းပါ အဝင်ရှိခဲ့ပါတယ်။ ယခင်သီတင်းပတ်နို့ဆီအဝင်ပျောက်ခဲ့ပြီး ဒီတစ်ပတ် မှသာ ပြန်လည်ဝင်ရောက် လာခြင်းဖြစ်ပါတယ်။ နို့စိမ်းက ယခင် သီတင်းပတ်တန်ချိန် သုံးရာ့နှစ်ဆယ် ကျော်ဝင်ခဲ့တာကြောင့် ဒီတစ်ပတ်မှာ နု့ိစိမ်းအဝင်နည်းခဲ့ပါတယ်။နို့မှုန့်က စင်ကာပူနိုင်ငံမှ  ၈ ဒသမ ၉၈ တန်၊ တရုတ်နိုင်ငံမှ ၅ ဒသမ ၈၀ တန်နဲ့ သြစတြေးလျနိုင်ငံမှ ၆၄ တန်၊ စုစုပေါင်း ၇၈ ဒသမ ၇၈ တန် မှာယူ တင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် တန်ချိန် လေးဆယ့်ငါးသာအဝင်ရှိခဲ့ တာကြောင့် ဒီတစ်ပတ်မှာ နို့မှုန့်အဝင် ပိုခဲ့ပါတယ်။              MIRT(DOT)တရုတ်နို့မှုန့် ၂ တန်နီးပါးဝင်မေ ၉ ရက်မှ ၁၅ ရက်ထိ ကာလ အတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၀၂၃ သန်းတန်ဖိုးရှိ နို့ဆီ ၂၄၂ တန်ခန့် (၁၂၇၆၄ တာ) နဲ့ ကန်ဒေါ်လာ သုည ဒသမ ၀၈၅ သန်းတန်ဖိုးရှိ နို့စိမ်း ၃၇ တန်ခန့် (၁၉၄၇ တာ) ကို အသွင်းရှိ ခဲ့ပါတယ်။ ယခင်အပတ်က အသွင်း မရှိခဲ့ပေမဲ့ ယခုအပတ်မှာအသွင်းပြန်ရှိ လာတာတွေ့ရပါတယ်။ ယခင်အပတ် က  အသွင်းမရှိပေမဲ့ ယခုအပတ်မှာ မူဆယ် ၁၀၅ မိုင်မှလည်း ကန်ဒေါ်လာ ၅၄၀၀ တန်ဖိုးရှိ နို့မှုန့် ၂ တန်နီးပါး အသွင်းရှိခဲ့ပါတယ်။ MIRT(DOBT) ပြည်တွင်း နို့ဆီ လက်လီဈေးများ               နို့ဆီအမျိုးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီ တွေရဲ့ ဈေးကွက်အသီးသီး လက်လီ ဈေးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်  နို့ဆီလက်လီဈေး ကျပ်/တစ်ဘူး  ရန်ကုန် မန္တလေး ဒွန်း (နို့ဆီ)    760  750 ဒွန်း (နို့စိမ်း)          650   625 ဝမ်းတီးနို့ဆီ        640  660  အိုကေ(နို့ဆီ)   650   615 အိုကေ (နို့စိမ်း)  650    600