Main menu

Background

တရုတ်ပဲပုပ် လိုအပ်ချက် မြင့်တက်ဖွယ် ရှိ

Mon, 05/21/2012 - 08:59 -- Anonymous (not verified)

    အောက်တိုဘာလ ၁ ရက်မှာ စတင်တဲ့ လက်ရှိဈေးကွက်နှစ်အတွင်း တရုတ်နိုင်ငံရဲ့ ပဲပုပ် တင်သွင်းမှုဟာ တန်ချိန် ၅၈ သန်းအထိ ရှိလာနိုင်လို့ ယခင်နှစ် တင်သွင်းမှု တန်ချိန် ၅၂ ဒသမ ၃၄ သန်းထက် ၁၁ ရာခိုင်နှုန်း မြင့်တက်မယ်လို့   တရုတ်နိုင်ငံတော် သီးနှံနဲ့ ဆီသတင်းဌာနမှ  မေ ၁၆ ရက်မှာ ပြောကြားခဲ့ပါတယ်။ ယခု ခန့် မှန်းချက်ဟာ ဧပြီလအတွင်း  ခန့်မှန်း ပမာဏတန်ချိန် ၅၅ သန်းမှ ၃ သန်း မြင့်တက်လာခဲ့တယ်လို့ ဆိုပါတယ်။    ၂၀၁၂-၁၃ မှာ တရုတ်နိုင်ငံက စုစုပေါင်းတန်ချိန် ၆၀ သန်းခန့် တင် သွင်း ရဖွယ်ရှိတယ်လို့လည်း ဆိုပါ တယ်။ အမေရိကန် စိုက်ပျိုးရေးဌာနက တရုတ်နိုင်ငံရဲ့ ၂၀၁၁-၁၂ ပဲပုပ်တင် သွင်းမှု တန်ချိန် ၅၆ သန်းရှိရာမှ ၂၀၁၂-၁၃ မှာ တန်ချိန် ၆၁ သန်း ရှိလိမ့်မယ်လို့ လွန်ခဲ့တဲ့ သီတင်းပတ်မှာ ခန့်မှန်းခဲ့ပါတယ်။    ၂၀၁၁-၁၂ နဲ့ ၂၀၁၂-၁၃ ဈေး ကွက်နှစ်အတွင်း အဓိက လယ်ယာ ထွက်ကုန် တင်သွင်းမှု ခန့်မှန်းချက်တို့ကို ဖော်ပြလိုက်ပါတယ်။တန်ချိန် - သိန်းပေါင်းသီးနှံ    ၂၀၁၁-၁၂    ၂၀၁၂-၁၃    (အောက်တိုဘာ -စက်တင်ဘာ)ပဲပုပ်       ၅၈၀          ၆၀၀ပဲပုပ်ဆီ   ၁၃            ၁၃ .၂                  ၂၀၁၁-၁၂    ၂၀၁၂-၁၃    (ဇွန်-မေ)    မုန်ညင်းစေ့        ၂၁            ၂၅မုန်ညင်းဆီ           ၆             ၇မုန်ညင်းဖတ်         ၈ .၅         ၃ယမင်းခင်၊Source: Dow Jones