Main menu

Background

ယခုတစ်ပတ် နှမ်းတင်ပို့မှု ယခင်တစ်ပတ်ထက်ပိုလာ

Mon, 05/21/2012 - 09:02 -- Anonymous (not verified)

    ပင်လယ်ရေကြောင်းက နှမ်းတင်ပို့မှုမှာ ယခင်တစ်ပတ်ထက်ပိုမိုလာခဲ့ပါတယ်။ ယခင်တစ်ပတ်ကတန် ၂၃၀ ကျော် ကို လျော့ကျတင်ပို့ခဲ့ရာမှ မေလ ၇ ရက်မှ ၁၁ ရက်အတွင်းမှာတော့ တန် ၆၃၀ ထိပြန်တက်လာခဲ့တာ တွေ့ရပါတယ်။ ယခု တစ်ပတ်မှာလည်း စင်ကာပူ၊ မလေးရှားနဲ့ ကိုရီးယားကို တင်ပို့တာ တွေ့ရပါတယ်။    ၂၀၁၂-၁၃ ဘဏ္ဍာနှစ် မေ ၁၁ ရက်အထိ နှမ်းစုစုပေါင်း တင်ပို့မှုအနေနဲ့ တန်ချိန် ၄၃၀၀ ကျော်ရှိပြီး ရရှိတဲ့ဝင်ငွေမှာ ကန်ဒေါ်လာ ၆ ဒသမ ၅၂ သန်း ရှိ ကြောင်းသိရပါတယ်။ ယခင်ဘဏ္ဍာနှစ်ကာလတူမှာတန်ချိန်၂၈၀၀ ခန့်ရှိပြီး ဝင်ငွေ မှာကန်ဒေါ်လာ ၄ ဒသမ ၄၄သန်းခန့်ရှိကြောင်းသိရပါတယ်။  MIRT - MAPT