Main menu

Background

ပန်းနှမ်းဈေးကွက် အရောင်းအဝယ်သွက်လာ

Mon, 05/21/2012 - 09:10 -- Anonymous (not verified)

    တောင်ကြီးဈေးကွက်မှာ သြင်္ကန်ပြီးနောက်ပိုင်း ဆီထွက်သီးနှံဈေးများ နည်း နည်းလှုပ်လာပါတယ်။ သြင်္ကန်ရှေ့ပိုင်းကာလ ပန်းနှမ်းဈေးမှာ ၉၀၀ ကျပ်-၉၅၀ ကျပ်ကြားမှာဈေးငြိမ်နေခဲ့ပြီး သြင်္ကန်ပြီးနောက်ပိုင်းမှာတော့ တဖြည်းဖြည်း ဈေး တက်လာပြီး ဒီတစ်ပတ်မှာ ပန်းနှမ်းတစ်ပိဿာ ၁၀၀၀ ကျပ် ဈေးရှိခဲ့ပါတယ်။ ဆီစက်များကလည်း အဝယ်လိုက်တဲ့အတွက် အဆွဲများလာပါတယ်။ ပန်းနှမ်းအဝင် မှာလည်း နည်းသွားပြီး လှောင်လက်အချို့တွင်သာ  လက်ကျန်ရှိပါတော့တယ်။ ကုန်ကြမ်းဈေးတက်တဲ့အတွက် ပန်းနှမ်းဆီဈေးလဲတက်လာပါတယ်။ ပန်းနှမ်းဆီ တစ်ပိဿာ ၂၄၀၀ ကျပ်မှ ၂၅၀၀ ကျပ် ဈေးတက်လာပါတယ်။ ဒေသတွင်းဆီစက် များသို့ တစ်ပတ်ကို ပန်းနှမ်း ကုန်ချိန် ၂ ဒသမ ၅ သောင်းခန့် အရောင်းအဝယ်ဖြစ်ပြီး ယခုတစ်ပတ်တွင် မန္တလေး၊ မြင်းခြံဆီစက် များသို့ ကုန်ချိန် တစ်သောင်းခန့် စီးဆင်းခဲ့ တယ်လို့ သိရှိရပါတယ်။                                        စောယုထွေး