ပြောင်း

    စဉ်    ကုန်စည်ဒိုင်    ရေတွက်ပုံ         ယခင်       ယခု    ပြောင်းလဲမှု     ၁    တောင်ကြီး     ၁ ပိဿာ            ၃၀၅        ၃၁၀                   ၂      လားရှိုး          ၁ ပိဿာ            ၄၀၅         ၄၀၀            ၃    မူဆယ်           ၁ တန်           ၂၇၉၈၀၆    ၂၇၉၁၇၅        ၄    မန္တလေး         ၁ ပိဿာ             ၃၅၂       ၃၄၈ပြောင်းကို တရုတ်အဆွဲပုံမှန်ရှိနေ    တောင်ကြီးဈေးကွက်မှာ ဒီတစ်ပတ်ပြောင်းကို ဒေသတွင်း အစာစပ်သမားများက ဝယ်အားနည်းပေမယ့် ရန်ကုန်-မန္တလေးဝယ် လက်ကတော့ ပုံမှန်အဝယ်ရှိခဲ့တယ်လို့ သိရပါတယ်။ အရောင်းအ ဝယ်အနေနဲ့ တစ်ပိဿာကို ၃၁၀ ကျပ်ဈေးနဲ့ တစ်ပတ်အတွင်း ပိဿာ ချိန် ၃၀၀၀၀၀ ခန့်ဖြစ်ခဲ့ကြောင်း ဒေသခံပြောင်းကုန်သည်တစ်ဦးက ဆိုပါတယ်။ မူဆယ်ဈေးကွက်မှာ ပြောင်းကို တရုတ်အဆွဲပုံမှန်ရှိ ပေမယ့် ရောင်းသူကုန်သည်များ အရောင်းများတာကြောင့် ယခင် အပတ်နဲ့စာရင် ဈေးအနည်းငယ်ကျလာတယ် လို့ သိရပါတယ်။ မန္တလေးဈေးကွက်မှာ ပြောင်းကို တရုတ်ဝယ်လက် ဝယ်အားပုံမှန် ရှိပေမယ့် ယခင်အပတ်နဲ့စာရင် ဈေးမဆိုသေ လာက်ကျနေတယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်ဖြစ်မှုက တစ်ပိဿာ ၃၄၈ ကျပ်ဈေးနဲ့ တစ်ရက်ကို အိတ် ၅၀၀ ခန့်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ လားရှိုး ဈေးကွက်မှာ ပြောင်းက လှောင်လက်ကုန်သည်တွေထံမှာ ပစ္စည်း လက်ကျန်နည်းနေပေမယ့် တရုတ်ဝယ်လက်ကတော့ ဝယ်လိုအားပုံ မှန်ရှိခဲ့တယ်လို့ ဆိုပါတယ်။ အရောင်းအဝယ်အနေနဲ့ တစ်ပိဿာကို ၄၀၀ ကျပ်ဈေးနဲ့ တစ်ပတ်အတွင်း ပိဿာချိန် ၂၀၈၀၀ ခန့်ဖြစ်ခဲ့တယ် လို့ဒေသခံပြောင်းကုန်သည်တစ်ဦးက ဆိုပါတယ်။