Main menu

Background

ယခင်အပတ်ကထက် လယ်ယာထွက်ကုန်အပို့ပိုတဲ့ မြဝတီနယ်စပ်ကုန်သွယ်ရေး

Mon, 05/21/2012 - 10:00 -- Anonymous (not verified)

    မေ ၉ ရက်မှ ၁၅ ရက်ထိ ကာလအတွင်း ကန်ဒေါ်လာ သုညဒသမ ၅၁၅ သန်းတန်ဖိုးရှိ လယ်ယာထွက်ကုန် ၂၇၅ တန်ခန့် အပို့ရှိခဲ့ရာ ယခင်အပတ်ကထက် ၂၁၈ တန်ဝန်းကျင် အပို့ပိုခဲ့ပါတယ်။ ယခင်အပတ်က မန်ကျည်းမှည့် (အစေ့ပါ)သာ အပို့ရှိခဲ့ တာဖြစ်ပေမယ့် ယခုအပတ်မှာ အာလူး ၁၂ တန်၊ ချင်းခြောက် ၂ တန်ကျော်၊ မန်ကျည်းမှည့် ၁၅ တန်ကျော်၊ ကွမ်းသီး ၁၁၂ တန်၊ နနွင်းတက် ၉၂ တန်ခန့်၊ ဆေးရွက်ကြီး ၂၆ တန်ခန့်နဲ့ သီဟိုဠ်စေ့ ၁၅ တန် အပို့ရှိခဲ့တာဖြစ်ပါတယ်။    ရေထွက်ကုန်တင်ပို့မှုလည်း တန် ၁၀၀၀ ကျော် အပို့ပိုခဲ့ပြီး စက်မှုကုန်ချောအုပ်စုဝင် တောင်ကြီးမောက်မယ်၊ ရေမွှေးနဲ့ ထန်းလျက်များလည်း ယခုအပတ်မှာ အပို့ရှိနေရာ မြဝတီနယ်စပ်မှ ယခုအပတ်ပို့ကုန် ကန်ဒေါ်လာ သုည ဒသမ ၈၄၂ သန်းဖိုးထိ ဆောင်ရွက်နိုင်ခဲ့ပြီး ယခင်အပတ်ကထက် ကန်ဒေါ်လာ သုည ဒသမ ၄၅၇ သန်း ပိုမိုဆောင်ရွက် နိုင်ခဲ့ပါတယ်။Source:  နကသ (မြဝတီ) MIRT (DOBT)