မေ ၉ ရက်မှ ၁၅ ရက်ထိ ကာလအတွင်းမှာ ထိုင်း နယ်စပ်မှကန်ဒေါ်လာ ၂ ဒသမ ၂၅၄ သန်းတန်ဖိုးရှိ ရေထွက် ကုန် ၃၃၅၇ ဒသမ ၇၃၆ တန် တင်ပို့နိုင်ခဲ့ပါတယ်။ မြဝတီမှ ကန်ဒေါ်လာ သုည ဒသမ ၂၉၄ သန်းတန်ဖိုးရှိ ငါးမျိုးစုံ ၈၆ တန်ကျော်၊ ပုစွန် ၇ တန်ကျော်နဲ့ ဂဏန်း ၂၂ တန်ခန့်၊ ကော့သောင်းမှ ကန်ဒေါ်လာ သုည ဒသမ ၁၀၉၇ သန်း တန်ဖိုးရှိ ငါးမျိုးစုံ ၁၄၆၅ တန်၊ ဂဏန်း ၄ တန်ခန့်၊ ကင်းမွန် သုည ဒသမ ၄ တန်၊ ငါးစည်ဖောင်း ၅ တန် ကျော်၊ ငါးဆားနယ် ၄ ဒသမ ၄ တန်နဲ့ ပဂဲ သုညဒသမ ၈၀ တန်နဲ့ မြိတ်နယ်စပ်မှ ကန်ဒေါ်လာ ၁ ဒသမ ၈၅၀ သန်းတန်ဖိုးရှိ ငါးမျိုးစုံ ၁၇၁၉ တန်၊ ရေငန်ပုစွန် ၂၃ တန်ခန့်နဲ့ ငါးမှုန့် တန် ၂၀ ကျော် တင်ပု့ိခဲ့တာဖြစ်ပါတယ်။ယခင်အပတ်ကထက် မြိတ်မှ ၃၄၃ တန်အပို့လျော့ခဲ့သော်လည်း ကော့သောင်းမှ ၁၂၇၇ တန် အပု့ိပိုခဲ့တဲ့အတွက် စုစုပေါင်း တန် ၉၀၀ ကျော် အပို့ပိုတာဖြစ်ပါတယ်။ MIRT(DOBT)
Background