Main menu

Background

ဆန်ရောဆန်ကွဲပါ နယ်စပ်မှ အပို့ရှိနေ

Mon, 05/21/2012 - 10:04 -- Anonymous (not verified)

    မေလ ၉ ရက်မှ ၁၅ ရက်ထိကာလအတွင်းမှာ တရုတ်နယ်စပ်စခန်းများဖြစ်တဲ့ မူဆယ်၊ လွယ်ဂျယ်နဲ့ ချင်းရွှေဟော်နယ်စပ် ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၅ ဒသမ ၇၄ သန်းတန်ဖိုးရှိ ဆန် ၁၃၂၆၂ တန်ခန့် အပို့ရှိခဲ့ပါတယ်။ ယခင်အပတ် ကထက် ဆန် တန် ၂၇၂၀ ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ တစ်နေ့ကိုဆန်ကားပျမ်းမျှ အစီး ၁၀၀ ကနေ ၁၂၀ ဝန်းကျင် ကုန်သွယ်ရေးဇုန်ထဲကို ယခုအပတ်အတွင်းအဝင် ရှိနေတယ်လို့ သိရပါတယ်။ နယ်စပ်အလိုက်ဆန်တင်ပို့နိုင်မှုတွေကတော့ မူဆယ်မှ ၁၀၀၇၅ တန်၊ လွယ်ဂျယ်မှ ၅၈၂ တန်နဲ့ ချင်းရွှေဟော်မှ ၂၆၀၄ တန်၊ ဆန်ကွဲ ၉၂၆ တန် အသီးသီးဖြစ်ပါတယ်။MIRT (DOBT)