မေလ ၉ ရက်မှ ၁၅ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ ၁ ဒသမ ၇၂၀ သန်းတန်ဖိုးရှိ သရက်သီး ၃၇၉၁ ဒသမ ၅ တန်ကို မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေး ဇုန်မှ အပို့ရှိခဲ့ပါတယ်။ ဧပြီလတစ်လလုံးမှာ ၂၄၆၅ တန်ကျော်အပို့ရှိခဲ့တဲ့အတွက် ယခုအပတ်တင်ပို့မှု မှာ ဧပြီလတစ်လလုံးတင်ပို့မှုထက်ကျော်လွန်တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ စိန်တစ်လုံး ၁ ကီလိုဂရမ်ကို ၁ ဒသမ ၅ ယွမ်မှ ၃ ယွမ်၊ ရွှေဟင်္သာ တစ်ကီလိုဂရမ်ကို ၁ ဒသမ ၅ ယွမ်မှ ၂ ဒသမ ၈ ယွမ်၊ အကြမ်းသီး တစ်ကီလိုဂရမ်ကို ၁ ဒသမ ၃ မှ ၂ ယွမ်ထိဈေးရလျက်ရှိပါတယ်။ သရက်သီးရာသီချိန်ကောင်းရောက် ပြီ ဖြစ်လို့ မေလမှာ ပို့အားကောင်းမယ်လို့ ကြိုတင်ခန့်မှန်းထားတဲ့အတိုင်း တင်ပို့မှု ပမာဏမြင့်တက်လျက်ရှိပါတယ်။MIRT(DOBT)
Background