Main menu

Background

နယ်စပ်မှ ပြောင်းတန်ချိန် ၁၂၅၀၀ ကျော် တင်ပို့နိုင်

Mon, 05/21/2012 - 10:14 -- Anonymous (not verified)

    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်၊ လွယ်ဂျယ်နဲ့ ချင်းရွှေဟော်နယ်စပ်များမှ ကန်ဒေါ်လာ ၃ ဒသမ ၅၁၄ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၁၂၅၄၇ တန်ခန့်နဲ့ ကန်ဒေါ်လာသုည ဒသမ ၀၀၁ သန်းတန်ဖိုးရှိ ပြောင်းကြိတ်ဖတ် ၉ တန်ကိုမေလ ၉ ရက်မှ ၁၅ ရက်ထိကာလအတွင်းမှာတင်ပို့နိုင်ခဲ့ပါတယ်။ ယခင် အပတ်ကထက် တန် ၄၂၃၀ ခန့်ပိုမိုတင်ပို့နိုင်ခဲ့တယ်လို့သိရပါတယ်။ ယခုအပတ် အတွင်း တစ်နေ့ကို မူဆယ်ကုန်သွယ်ရေးဇုန်ထဲကို ပျမ်းမျပြောင်းကားအစီး ၁၀၀ ဝန်းကျင်အဝင်ရှိတယ်လို့ သိရပါတယ်။ နယ်စပ်အလိုက် ပြောင်းဖူးစေ့တင်ပို့မှုတွေ ကတော့ မူဆယ်မှ ၉၄၃၃ တန်ကျော်၊ လွယ်ဂျယ်မှ ၉၂၈ တန်နဲ့ချင်းရွှေဟော်မှ ၂၁၈၅ တန်ကျော်ဖြစ်ပါတယ်။ နှစ်ဖက်မြေပြင်ပြောင်းဈေးများကိုကြည့်လျှင် နှစ်ဘက်စလုံးမှာဈေးအနည်းငယ်စီ မြင့်တက်လျက်ရှိတာ တွေ့ရပါ တယ် -                    မိမိဘက်(ကျပ်/တန်)                တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                 ယခု         ယခင်    ပြောင်းလဲမှု    %    ယခု     ယခင်    ပြောင်းလဲမှု    %    ၂၇၆၈၁၈    ၂၇၆၈၀၀        ၁၈         ၁     ၃၃၇      ၃၁၇         ၂၀           ၆MIRT (DOBT)