မေလ ၆ ရက်မှ ၁၂ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာ ၁၀၇၃ တန်ကျော်၊ တန်ဖိုး ၃ ဒသမ ၆၂ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ထက် တန် ၃၀၀ ကျော် ပိုမိုတင်ပို့နိုင်တာ တွေ့ရပါတယ်။ နိုင်ငံအလိုက် တင်ပို့မှုတွေကတော့ တရုတ်ကို တန် ၇၆၀ ကျော်၊ မလေးရှားကို ၂၃၀ တန်၊ စင်ကာပူကို ၄၂ တန်နဲ့ ပါကစ္စတန်ကို တန် ၄၀ နီးပါး တင်ပို့ခဲ့တာတွေ့ရပါတယ်။ နယ်စပ်ကတော့ ယခင်အပတ်ထက် တင်ပို့မှုအနည်းငယ်ကျဆင်းပြီး တန် ၉၀၀ ကျော်သာ တင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။ FOB (ရန်ကုန်) ဈေးတွေကတော့ ကျဆင်းနေပြီး RSS-3 တစ်တန်ကို (၃၁၀၀-၃၂၀၀) ဒေါ်လာနဲ့ RSS-5 တစ်တန်ကို (၃၀၀၀-၃၁၀၀) ဒေါ်လာကြားဈေးပေါက်လျက်ရှိတယ်လို့ သိရပါတယ်။K.Z.W
Background