ဂရိကိုအီးယူအဖွဲ့မှ ထုတ်ပယ်သွားမယ်ဆိုတဲ့ နိုင်ငံရေးအကျပ်အတည်းတွေနဲ့အတူ အီးယူဒေသစီးပွားရေး အားနည်းလာပြီး ယူရိုငွေ တန်ဖိုးကျဆင်းနေတယ်။ ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံတွေဖြစ်တဲ့ အမေရိကန်၊ တရုတ်နဲ့ အီးယူဒေသနိုင်ငံတွေရဲ့ စီးပွားရေးတိုးတက်မှု အရှိန်အဟုန်နှေးကွေးလာတာနဲ့အမျှ တာယာအတွက်အသုံးပြုဖို့ ရော်ဘာဝယ်လိုအားနည်းသွားမယ်ဆိုတဲ့ စိုးရိမ်မှုတွေပိုမိုလာရာ ရော်ဘာကြိုပွိုင့်ဈေးနှုန်းတွေက လေးလအတွင်းအနိမ့်ဆုံးကို ထိုးဆင်းသွားခဲ့ကြောင်း သတင်းရရှိပါတယ်။ တိုကျိုရော်ဘာကြိုပွိုင့်ရောင်းဝယ်ရေးမှာ အောက်တိုဘာလ သင်္ဘောတင်မယ့် ရော်ဘာဈေးနှုန်းက တစ်ကီလိုဂရမ်ကို ၅ ဒသမ ၁ ရာခိုင်နှုန်း ဈေးကျသွားကာကန်ဒေါ်လာ ၂၆၅ ယန်း (တစ်တန်ကို ကန်ဒေါ်လာ ၃၃၁၇) နဲ့ ချုပ်ဆိုခဲ့ရာ ယခုနှစ် ဇန်နဝါရီလနောက်ပိုင်း အနိမ့်ဆုံးဈေးနှုန်းဖြစ်ကြောင်းသိရှိရပါတယ်။ယူရိုငွေကြေးက လေးလအတွင်း တန်ဖိုးအနိမ့်ဆုံးကို ကျဆင်း သွားရာ ဥရောပရဲ့ စီးပွားရေးကျုံ့သွားတယ်လို့ ခန့်မှန်းကြတယ်။ အီးယူရဲ့ အဓိကပို့ကုန်ဈေးကွက်ကြီးဖြစ်တဲ့ တရုတ်ရဲ့ စီးပွားရေးနှေးကွေးမှုကြောင့် ဥရောပရဲ့ စီးပွားရေး အခြေအနေက ပိုမိုဆိုးရွားသွားနိုင်ကြောင်း တိုကျိုရှိ ACE Koeki Co ကုမ္ပဏီမှ သုတေသီက ပြောကြားလိုက်တယ်။ တရုတ်က ကမ္ဘာ့အကြီး ဆုံး မော်တော်ယာဉ်ဈေးကွက်ဖြစ်တဲ့အပြင် ရော်ဘာအများဆုံးသုံးစွဲတဲ့ နိုင်ငံလည်းဖြစ်တယ်။ ရှန်ဟိုင်းကြိုပွိုင့်ရောင်း ဝယ်ရေးမှာ စက်တင်ဘာလ သင်္ဘောတင်မယ့် ရော်ဘာကြိုပွိုင့်ဈေးနှုန်းကလည်း ၂ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းသွားကာ တစ်တန်ကို ကန်ဒေါ်လာ ၃၈၃၉ နဲ့ချုပ်ဆိုခဲ့တယ်။ ထိုင်းရော်ဘာဈေးနှုန်းတွေလည်း ကျဆင်းသွားရာ မေ ၈ ရက်က တစ်တန်ကို ၃၈၄၅ ဒသမ ၅၀ ဒေါ်လာအထိ ရောက်ရှိနေရာ ထိုင်းရော်ဘာ RSS-5 (မှိုင်းခံရော်ဘာအဆင့်-၅) က မေ ၁၅ ရက်မှာ တစ်တန်ကို ၃၆၇၂ ဒသမ ၅၀ ဒေါ်လာအထိ ၁၇၃ ဒေါ်လာဈေး ကျသွားတယ်။ Source:www.businessweek.com၊ပပ
Background