သကြားတင်ပို့သူတွေအနေနဲ့ တန်ချိန် တစ်သောင်းနဲ့အထက်တင်ပို့ခြင်းမပြုမီ အိန္ဒိယစီးပွားရေးနဲ့ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှာ ၎င်းင်းတို့ရဲ့စာချုပ်ချုပ်ဆို တင်ပို့မှုအား မှတ်ပုံတင်ရေးဆုံးဖြတ်ချက်ဟာ မေလအစောပိုင်းမှာ ဝန်ကြီးချုပ်ရဲ့ အဆုံးအဖြတ်ဖြစ်တာကြောင့် မဆန့်ကျင်ကြဖို့ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။ မူဝါဒ အရသကြားပို့ကုန်တင်ပို့မှုလွတ်လပ်ခွင့် ပြုပြီဖြစ်ပေမယ့် အရေအတွက်ကို ထိန်းချုပ်ဖို့အတွက် မှတ်ပုံတင်ရ မှာ ဖြစ်ကြောင်း နိုင်ငံခြား ကုန်သွယ်မှု ဦးစီးဌာန (Directorate General of Foreign Trade -DGFT) က ကြေညာခဲ့ပါတယ်။ ဒါကြောင့် ပို့ကုန်လုပ်ငန်းရှင်တွေက တန် တစ်သောင်းအထက် မှတ်ပုံတင်လက်မှတ် ရရှိဖို့ လျှောက်လွှာတင်နိုင်တယ်လို့ သိရပါတယ်။ ၎င်းကြေညာချက်က စားနပ်ရိက္ခာဆိုင်ရာဝန်ကြီးဌာနရဲ့ အရေအတွက်ကန့်သတ်ချက်မရှိဘဲ သကြားတင်ပို့ခွင့်ပြုကြောင်း ထုတ် ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။ စားနပ်ရိက္ခာဆိုင်ရာဝန်ကြီးဌာနက သကြားပို့ကုန်တင်ပို့မှုလွတ်လပ်ခွင့်နဲ့ သင်္ဘောတင်တင်း ကျပ်မှု တွေကို ဖယ်ရှားပေးတဲ့ ကြေညာချက်ထုတ်ပြန်အပြီးမှာ DGFT ရဲ့ ကြေညာချက်က တစ်ဖန်ပြန်ပြီး အကျပ်အတည်းဖြစ်စေ ကြောင်း အိန္ဒိယသကြားစက်များအသင်းISMA ရဲ့ ဥက္ကဋ္ဌက ပြောကြားခဲ့ပါတယ်။ DGFT အနေနဲ့ ပို့ကုန်ကိုထိန်းချုပ်ပေမယ့် တင်းကျပ်မှုမရှိကြောင်း ၎င်းတို့အနေနဲ့ ဝန်ကြီးချုပ်ရဲ့ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်နေတာ သာဖြစ်ကြောင်း ပြောကြား ပါတယ်။ သကြားစက်ပိုင်တွေက DGFT ရဲ့ ကြေညာချက်ကို သိရှိရပြီးနောက်ပိုင်း အံ့သြမှင်သက်ကာ ဝန်ကြီး ဌာန နှစ်ခုရဲ့ ကြေညာချက်များကို ရှင်းရှင်းလင်းလင်းသိရအောင် ကြိုးစားနေကြရတယ်လို့ ဆိုပါတယ်။ ဝန်ကြီးများအစည်း အဝေး မှာ ဝန်ကြီးချုပ် မန်မိုဟန်ဆင်းက မေလဆန်းကစလို့ သကြားပိုလျှံမှုတွေကို ကူညီတဲ့ အနေနဲ့ သကြားတင်ပို့မှုကို လွတ်လပ် ခွင့်ပြု ကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။ ၎င်းအစည်း အဝေးအပြီးမှာ အစိုးရက သကြားပိုမိုတင်ပို့လိုတာကြောင့် စားနပ်ရိက္ခာဆိုင်ရာ ဝန်ကြီးဌာနရဲ့ ပို့ကုန်တင်ပို့ခွင့်အမိန့် (Release Order -RO) ကို ရုပ်သိမ်းဖို့ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။ ၎င်းဆုံးဖြတ်ချက် မတိုင်မီ အစိုးရက ၂၀၁၁-၂၀၁၂ ဈေးကွက်နှစ်မှာ သကြားတင်ပို့မှုတန်ချိန် ၂ သန်းကို ခွင့်ပြုခဲ့ပါတယ်။ အစိုးရက ၂၀၁၁-၂၀၁၂ မှာ နှစ်စဉ်သကြားထုတ်လုပ်မှု တန်ချိန် ၂၆ သန်းရှိနိုင်ကြောင်း ခန့်မှန်းထားပြီး ဝယ်လိုအားက တန်ချိန် ၂၁ ဒသမ ၅သန်း -၂၂ သန်း အထိရှိတာကြောင့် ပို့ကုန်ပိုမိုတင်ပို့ခွင့်ပြုတာဖြစ်ကြောင်း သတင်းရရှိပါတယ်။ Source: ET,K.Z.W
Background