အင်ဒိုနီးရှားနိုင်ငံမှာ မော်တော် ယာဉ် ဝယ်ယူသုံးစွဲသူတွေမှ မော်တော် ယာဉ်ထုတ်လုပ်သူတွေကို ယာဉ်တွေမှာ အပြစ်အနာ အဆာတွေ့ရှိမှုတွေနဲ့ လွဲမှားတဲ့ ကြော်ငြာတွေအတွက် တရား စွဲဆိုမှုတွေ တစ်နေ့တခြား များပြားလာ လျက်ရှိရာ နိုင်ငံရှိ စားသုံးသူအခွင့် အလမ်းအဖွဲ့အစည်း (Consumer rights agency) မှ ပြဿနာကြုံတွေ့ နေရတဲ့ ကားပိုင်ရှင်တွေကို တိုင်တန်း မှုတွေကို ဖိုင်ပြုလုပ်ပြီး အမှုစွဲဆိုဖို့ တိုက် တွန်းပြောကြားခဲ့ပါတယ်။ အင်ဒိုနီးရှားနိုင်ငံ Indonesian Consumer Protection Foun- dation (YLKI) ၏ ဥက္ကဋ္ဌဖြစ်သူ Sudaryatmo မှ ပြောကြားရာမှာ မော်တော်ယာဉ်နဲ့ပတ်သက်ပြီး ပြဿနာ ကြုံတွေ့နေရသူတွေအနေနဲ့ ၎င်းတို့ ရဲ့သဘောထားတွေကို ဖွင့်ဟဖို့ စိုးရွံ့ လျက်ရှိကြကြောင်း၊ ၂၀၁၁ ခုနှစ်မှာ YLKI မှမော်တော်ယာဉ်ဆက်စပ်ပစ္စည်း တွေနဲ့ပတ်သက်ပြီး စားသုံးသူတိုင်တန်း မှု အမှု ၁၇ မှုသာ လက်ခံဖြေရှင်းပေးခဲ့ ရကာ ၂၀၁၀ ခုနှစ်မှာ ၁၁ မှုလက်ခံဖြေ ရှင်းခဲ့ရပြီး အနည်းငယ်သာ တိုးတက် လာကြောင်း၊ မလေးရှားနို င်ငံမှာ ၂၀၀၉ ခုနှစ်မှာ အလားတူတိုင်တန်းမှု ၁၃၁၄ ရှိခဲ့ပြီး ဟောင်ကောင်မှာလည်း ၂၀၁၁ ခုနှစ်မှာ အလားတူအမှုကိစ္စ ၁၅၃ မှု ရှိခဲ့ရာ အင်ဒိုနီးရှားနိုင်ငံသားတွေအနေ နဲ့တိုင်တန်းမှုအလေ့အထတွေ လေ့ကျင့် ပျိုးထောင်သွားဖို့ လိုအပ်ကြောင်း၊ တိုင် တန်းမှု အလေ့အထ မြင့်မားခြင်းက ကောင်းမွန်သော စားသုံးသူကာကွယ် ရေးစနစ်ကို ရည်ညွှန်းလျက်ရှိကြောင်းနဲ့ နောင်မှာ ကားဝယ်ယူသူတွေက ဝယ် ယူခြင်းမပြုမီ သတင်းအချက်အလက် ပြည့်စုံစွာရယူဖို့လိုအပ်ကြောင်း ပြော ကြားခဲ့ပါတယ်။အင်ဒိုနီးရှားနိုင်ငံမှာ ဖြစ်ပွားလျက် ရှိတဲ့ မော်တော်ယာဉ်အမှုကိစ္စအချို့မှာ ထုတ်လုပ်သူတွေရဲ့ချို့ယွင်းချက်ကြောင့် ဖြစ်ပွားလျက်ရှိေ နသလို အချို့အမှုကိစ္စ တွေမှာလည်း ဝယ်ယူသူတို့ရဲ့ ပေါ့ဆ မှုတွေကြောင့်ဖြစ်ပွားလျက်ရှိကြောင်း တွေ့ရှိရပါတယ်။ ကားထုတ်လုပ်သူ တွေရဲ့ ချို့ယွင်းချက်တွေကြောင့် ဖြစ် ပွားခဲ့ရတဲ့ အမှုကိစ္စတွေအနက် တစ်ခု မှာ ဧပြီ ၁၇ ရက်မှာ ကားထုတ်လုပ်သူ တစ်ဦးမှ ကားရဲ့Hatchback Fuel Efficiency ကို တစ်လီတာမှာ ၈ ကီလို မီတာလို့ ဖော်ပြရမယ့်အစား ၂၁ ကီလို မီတာလိ့ုဖော်ပြခဲ့ရာ South Jakarta District Court မှ ကြော်ငြာမှားယွင်း ကြေညာခဲ့တဲ့ကားထုတ်လုပ်သူကို ဒဏ် ကြေးငွေဒေါ်လာ ၁၇၄၄၀ ပေးဆောင်ဖို့ အမိန့်ချမှတ်ခဲ့ရာ ၎င်းမှ Supreme Court ကို ဆက်လက်အသနားခံ တင် ပြခဲ့ပါတယ်။ အချို့ကားဝယ်ယူ သူတွေ မှာလည်း ကားအပြင်ပန်းသာ ကြည့် ရှုပြီး တန်ဖိုးကြီးမားတဲ့ ကားတွေကိုဝယ် ယူတတ်ကြပြီး ကားဝယ်ယူ ပြီးနောက် ဈေးနှုန်းမြင့်မားတဲ့ Octane Fuel တွေ ကို မဝယ်ယူနိုင်ရာ ဈေးနှုန်းနိမ့်ကျတဲ့ Octane Fuel တွေကိုသာ အသုံးပြု ကြကြောင်း တွေ့ရှိရပါတယ်။ The Indonesian Automotive Industry Association ဒုတိယ ဥက္ကဋ္ဌဖြစ်သူ Johnny Darmawan က အရောင်းကိုယ်စားလှယ်တွေမှတစ်ဆင့် နောင်ကာလမှာ ဝယ်ယူမယ့်သူတွေကို ၎င်းတို့ဝယ်ယူလိုတဲ့ ကားတွေအ တွက် ပညာပေးလျက်ရှိကြောင်း၊ ၎င်းတို့အနေ နဲ့ ကားပိုင်ရှင်တွေကို လက်စွဲစာအုပ် တွေ ပေးအပ်ထားပြီးဖြစ်ကြောင်းနဲ့ ဝယ်ယူသူေ တွကို ၎င်းတို့ရဲ့ကားတွေ ကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့် ရှောက်နိုင်ဖို့လည်းရှင်းပြပြီးဖြ စ်ကြောင်း ပြောကြားခဲ့ပါတယ်။Source:www.thejakartapost.comမျိုးမျိုးထိုက်
Background