Main menu

Background

လက်ကိုင်ဖုန်းနှင့် ဆက်စပ်အပိုပစ္စည်းတင်ပို့မှု စံချိန်တင်မြင့်တက်ခဲ့သည့် ဗီယက်နမ်

Thu, 05/24/2012 - 05:28 -- Anonymous (not verified)

    ဗီယက်နမ်ရဲ့ ယခုနှစ် ဧပြီလကုန် အထိလက်ကိုင်ဖုန်းနဲ့ဆက်စပ်အပိုပစ္စည်း တင်ပို့မှုမှ ကန်ဒေါ်လာ ၃ ဘီယီယံ ရရှိ ခဲ့ကြောင်းနဲ့ နှစ်စဉ်တိုးတက်နှုန်းက ၁၆၁ ဒသမ ၅ ရာခိုင်နှုန်းနဲ့  တန်ဖိုးအနေနဲ့ ဗီယက်နမ် ထိပ်ဆုံးပို့ကုန် ၁၀ မျိုးမှာ အထည်ချုပ်ပြီးရင်  ဒုတိယတင်ပို့မှု တန်ဖိုးအများဆုံး ထုတ်ကုန်ဖြစ်ကြောင်း သတင်းရရှိပါတယ်။ယခင်က ဗီယက်နမ်လက်ကိုင်ဖုန်း နဲ့ အပိုပစ္စည်းတင်ပို့မှုက တစ်လကို ကန် ဒေါ်လာ သန်း ၃၀၀ မှ ၄၀၀ ကြားကို ရောက်ရှိခဲ့သော်လည်း  ပြီးခဲတဲ့နှစ် ဇူလိုင်လကတည်းက တစ်လကို ကန် ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံ ရရှိခဲ့ ကြောင်းနဲ့ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ ကတည်းက  ပို့ကုန်တန်ဖိုး  ဒုတိယ အများဆုံး ကုန်စည်ဖြစ်လာခဲ့ကြောင်း အကောက်ခွန်စာရင်းတွေအရ သိရှိရ ပါတယ်။ဇန်နဝါရီ ၁ ရက်မှ ဧပြီ ၁၅ ရက် အထိ ကွန်ပျူတာ၊  လျှပ်စစ်ပစ္စည်းနဲ့ အပိုပစ္စည်းတင်ပို့မှုက ကန်ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံရရှိခဲ့ရာ  ပြီးခဲ့တဲ့နှစ် အလားတူ ကာလကထက် ၇၉ ဒသမ ၂ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း သတင်း ရရှိပါတယ်။ ဒီလို တင်ပို့မှုစံချိန်တင်ခဲ့ရ ခြင်းမှာ ဗီယက်နမ်ရှိ တောင်ကိုရီးယား ရဲ့ ကုမ္ပဏီကြီးဖြစ်တဲ့   Samsung   ဌာန ခွဲရဲ့ တင်ပို့မှုက လက်ကိုင်ဖုန်းတင်ပို့မှု စုစုပေါင်းရဲ့ ၇၀ ရာခိုင်နှုန်းကျော်  ရှိ ကြောင်းနဲ့ ယခုနှစ်မှာ တစ်လတင်ပို့မှု က ကန်ဒေါ်လာ ၁ ဘီလီယံ ရရှိခဲ့ ကြောင်း သိရှိရတယ်။ဒီလို  ပို့ကုန်တိုးတက်နှုန်းကြောင့် ယခုနှစ်မှာ ဗီယက်နမ်ရှိ ဆမ်ဆောင်း ကုမ္ပဏီက ကန်ဒေါ်လာ ၁၁ ဘီလီယံမှ ၁၂ ဘီလီယံကြားရရှိနိုင်ကြောင်း စက်မှု နဲ့  ကုန်သွယ်ရေး   ဒုတိယဝန်ကြီး Nguyen Thanh Bien   က ပြောကြား လိုက်တယ်။ ဗီယက်နမ် အီလက်ထရွန်း နစ်နဲ့ သတင်းအချက်ကော်ပိုရေးရှင်း ဥက္ကဋ္ဌ  Le Ngoc Son က ဆိုင်းဂုံ သတင်းဌာနကို   အီလက်ထရွန်းနစ် ကဏ္ဍမှတင်ပို့မှုက လျင်မြန်စွာတိုးတက် လျက်ရှိကြောင်း ပြောကြားလိုက်တယ်။ ပြည်တွင်း စီးပွားရေးလုပ်ငန်းတွေ ရဲ့ တင်ပို့မှုမှာတော့ အတော်အသင့်သာ ရှိကြောင်းသိရှိရ တယ်။ ပြည်တွင်း စီးပွား ရေးလုပ်ငန်းတွေကို နိုင်ငံခြားကုန်သွယ် ဖက်နိုင်ငံတွေဖြစ်တဲ့ ဂျပန်၊ တောင်ကို ရီးယား၊ စင်ကာပူ၊ မလေးရှား၊ ထိုင်ဝမ် နဲ့ အခြားအာဆီယံနိုင်ငံတွေက တပ် ဆင်မှုအစိတ်အပိုင်းတွေကို ထုတ်လုပ်ဖို့ ငှားရမ်း လုပ်ဆောင်လျက်ရှိကြောင်း သိရှိရတယ်။ဗီယက်နမ်အီလက်ထရွန်းနစ် စီးပွား ရေးလုပ်ငန်းအရေအတွက်  ကြီးမား သော်လည်း ဘဏ္ဍာရေးနဲ့ နည်းပညာ ကန့်သတ်ချက်ေ တွကြောင့် နိုင်ငံခြား ကုန်သွယ်ဖက်တွေနဲ့ ယှဉ်ပြိုင်ဖို့  ရှုံးနိမ့်လျက်ရှိတယ်။ နိုင်ငံခြားကုမ္ပဏီတွေ က  ပြည်တွင်း အီလက်ထရွန်းနစ်ဈေး ကွက်ဝေစုရဲ့ ၈၀ ရာခိုင်နှုန်းကျော်ရှိပြီး စုစုပေါင်းပို့ကုန်တန်ဖိုးရဲ့ ၉၅ ရာခိုင် နှုန်းကို ရရှိလျက်ရှိတယ်။ ဗီယက်နမ် အင်တာပရိုက်စ်အများစုက အပိုပစ္စည်း တွေနဲ့ စုစည်းတပ်ဆင်ရေးထုတ်ကုန် တွေမှာ လုပ်ကိုင်လျက်ရှိတယ်။ ၎င်းထုတ်ကုန်တွေမှာ   ပြည်တွင်းသုံးစွဲဖို့ အတွက်  တီဗွီများ၊  ကာရာအိုကေ စက်ပစ္စည်းများ နဲ့ ရေခဲသတ္တာတွေ ပါ ဝင်ကြတယ်။ မြို့ပြရှိနိုင်ငံခြားစီးပွားရေး လုပ်ငန်းတွေရဲ့ ထုတ်ကုန်တွေနဲ့ ယှဉ်ပြိုင်နိုင်မှုမရှိခြင်းကြောင့် ဝေးလံခေါင်း ပါးတဲ့  ဒေသတွေ မှာသာ ပြည်တွင်း ထုတ်ကုန်တွေကို သုံးစွဲကြတယ်။ ပြည် တွင်း အီလက်ထရွန်းနစ်လုပ်ငန်းတွေက ယခုအခါ  LED   ၊ နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်စွမ်းအားနဲ့ လေအသုံး ပြု စွမ်းအင်ထုတ်ကုန်တွေ  ဖွံ့ဖြိုးတိုး တက်ရေး အတွက်   ပြောင်းလဲလုပ် ဆောင်လာကြတယ်။ ဗီယက်နမ်မှာ အီ လက်ထရွန်းနစ်လုပ်ငန်းကို လုပ်ကိုင်နေ တဲ့ ပြည်တွင်း  ပြည်ပ ကုမ္ပဏီပေါင်း ၅၀၀ နီးပါးရှိကြောင်း သိရှိရတယ်။ ပြီး ခဲ့တဲ့လက Nokia   သည် Bac Ninh     ပြည်နယ်မှာ ယူရိုငွေ ၂၀၀ သန်း (ကန် ဒေါ်လာ ၂၆၄ သန်း) တန်ဖိုးရှိတဲ့ စက် ရုံကို စတင်တည်ဆောက်ခဲ့ကြောင်း သတင်းရရှိပါတယ်။ှSource:vietnamnews.vnagency.com.vn,   အေးမွန်မွန်လှိုင်