Main menu

Background

စားသုံးသူများအတွက် အကူအညီပေးမည့် ASEAN Website

Thu, 05/24/2012 - 05:28 -- Anonymous (not verified)

    အာဆီယံစားသုံးသူကာကွယ်ရေးကော်မတီ The ASEAN Committee on Consumer Protection (ACCP)   က စားသုံးသူတွေကို ဈေးကွက်အတွင်းမှ လုံခြုံစိတ်ချရမှုမရှိတဲ့ (သို့မဟုတ်) အန္တရာယ်ရှိတဲ့ ထုတ်ကုန်တွေကို ဈေးကွက် အတွင်းမှ ပြန်လည်သိမ်းဆည်းဖို့ (သို့မဟုတ်) ပိတ်ပင်ဖို့စတာတွေကို ဆောင်ရွက် နိုင်ရန်၊ စားသုံးသူတွေအနေနဲ့ မိမိတို့ဝယ်ယူ အသုံးပြုနေတဲ့ ထုတ်ကုန်နဲ့ ဝန်ဆောင် မှုတွေကြောင့် ထိခိုက်နစ်နာဆုံးရှုံးမှုတွေအတွက် ပြန်လည်လျော်ကြေး ရရှိစေနိုင် တဲ့လုပ်ငန်းကိုသိရှိနိုင်ဖို့နဲ့ စားသုံးသူကာကွယ်ရေးဆိုင်ရာ အထွေထွေသတင်းအချက် အလက်တွေကို ဖတ်ရှုနိုင်ဖို့တို့အတွက် Website အသစ်တစ်ခုဖြစ်တဲ့  ACCP Website (www.aseanconsumer.org)  ကို လွှင့်တင်လိုက်ပြီဖြစ်ပါတယ်။ ၎င်းWebsite   ကို ဖွံ့ဖြိုးတိုးတက်စေဖို့ ယခင် ACCP ဥက္ကဋ္ဌအဖြစ် တာဝန် ယူဆောင်ရွက်ခဲ့တဲ့ မလေးရှားနိုင်ငံနဲ့ လက်ရှိနိုင်ငံဖြတ်ကျော်စားသုံးသူ အရေးယူ ဆောင်ရွက်တဲ့လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်နေတဲ့ အင်ဒိုနီးရှား နိုင်ငံတို့မှဦးဆောင်ပြီး ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီမှာ မေ ၂ ရက်မှ ၄ ရက်အထိပြုလုပ်ကျင်းပခဲ့တဲ့ ပဉ္စမအကြိမ်မြောက် အာဆီယံစားသုံး သူကာကွယ်ရေးကော်မတီ အစည်းအဝေးမှာ ACCP Website  စတင်ဖွင့်လှစ်တဲ့ အခမ်းအနားကို ပြုလုပ်ကျင်းပခဲ့ရာမှာ ACCP ရဲ့ ဥက္ကဋ္ဌနဲ့   Deputy Secretary General  ဖြစ်ပြီး  မလေးရှားနိုင်ငံ Ministry of Domestic Trade, Cooperatives and Consumerism ရဲ့ ဝန်ကြီးလည်းဖြစ်သူ Mahani Tan Abdullah    က ပြောကြားခဲ့ရာမှာ ACCP Website  က  စားသုံးသူတွေကို အာဆီယံနိုင်ငံများတစ်ဝန်းရှိ စားသုံးသူကာကွယ်ရေးဆိုင်ရာ အခွင့်အလမ်းများ ဆိုင်ရာသတင်းအချက်အလက်တွေကို ပေးအပ်နိုင်မှာဖြစ်ကြောင်းနဲ့ ၎င်း   Website  ကြောင့် အာဆီယံနိုင်ငံတွေရှိ စားသုံးသူများသာမက  အာဆီယံနိုင်ငံတွေကို တရားဝင် (သို့မဟုတ်) ပုဂ္ဂိုလ်ရေးရာလုပ်ငန်းတွေအတွက် လာရောက်တဲ့ နိုင်ငံခြား ဧည့်သည်များအတွက်ပါ အကျိုးကျေးဇူးရရှိစေနိုင်မှာဖြစ်ကြောင်း ပြောကြားခဲ့ပါ တယ်။Source: www.thejakartapost.com မျိုးမျိုးထိုက်