အီးယူဒေသက ထိုင်းနိုင်ငံမှ ကြက်၊ ဘဲကုန်ကြမ်းတွေ တင်သွင်းမှု ကန့်သတ်ထားခြင်းကို ဇူလိုင် ၁ ရက်မှစပြီး ပြန်လည်ဖယ်ရှားပေးတယ်လိ့ု ကြေညာခဲ့တယ်။ ၂၀၀၃ ခုနှစ်က ထိုင်းနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ ကြက်၊ ငှက် တုပ်ကွေးအပြီး အီးယူက ထိုင်းမှ ကြက်၊ ဘဲတွေ တင်သွင်းမှုကို ကန့်သတ် လိုက်ခြင်းဖြစ်တယ်။ အီးယူသာမက ဂျပန်ကလည်း တင်သွင်းမှုကို ရပ် တန့်ခဲ့တယ်လို့ သိရတယ်။ထိုင်းနိုင်ငံမှ ကြက်၊ ဘဲတွေ တင်သွင်းမှုကို ပြန်လည်ခွင့်ပြုကြောင်း ကြေညာအပြီး ဂျပန်ကလည်း ပြန်လည်ခွင့်ပြုနိုင်တယ်လို့ ခန့်မှန်း ထားကြတယ်။ အီးယူနဲ့ ဂျပန်ဈေးကွက်တွေကို ထိုင်းကြက်သားကုန်ကြမ်း တွေ တင်သွင်းမှုအတွက် ပြန်လည်ဖွင့်လှစ်ခြင်းအနေနဲ့ ထိုင်းရဲ့ ကြက်၊ ဘဲ ကုန်ကြမ်းတွေတင်ပို့မှုက ၂၀၁၅ ခုနှစ်မှာ ၂၀ ရာခိုင်နှုန်း တိုးတက် မယ်လို့ ခန့်မှန်းကြတယ်။ အီးယူအနေနဲ့လည်း ထိုင်းမှ ကြက်၊ ဘဲတွေတင် ပို့မှုကို ပြန်လည်ခွင့်ပြုထားခြင်းအနေနဲ့ ဈေးနှုန်းသက်သာစွာ ရရှိမှာဖြစ် တယ်။ ဘရာဇီးလ်နဲ့ ထိုင်းနိုင်ငံမှ ဈေးကွက်ယှဉ်ပြိုင်ရောင်းချမှုကြောင့် အီးယူအနေနဲ့ အကျိုးအမြတ်ပိုများလာမှာဖြစ်တယ်။Source:meatpoultry.com ပပ
Background