Main menu

Background

မန္တလေးကားဈေးနဲ့ ရွှေဈေး အေးနေပြီး မြေဘက် ရင်းနှီးမြှုပ်နံှလာနိုင်

Thu, 05/24/2012 - 05:33 -- Anonymous (not verified)

    လတ်တလောမှာ မန္တလေးမြေဈေး ကွက်အေးနေသော်လည်း  ကားဈေး ကွက်နဲ့ ရွှေဈေးကွက်မှာ အကျဘက် ဦးတည်ပြီး၊  ဈေးကွက်အေးနေခြင်း ကြောင့် ရင်းနှီးမြှုပ်နှံလိုသူများမှာ မြေ ဘက်ကို ပြန်လှည့်လာနိုင်လို့ မြေဈေး တက်လာနိုင်ခြေရှိပြီး ပြန်လည်ဦးမော့ လာနိုင်ကြောင်း၊ မန်းမြေရာဇာ တိုက်၊ ခြံ၊ အိမ်၊ မြေရောင်းဝယ်ရေးမှ  မြေ အကျိုးတော်ေ ဆာင်  ဦးကျော်ဝင်းက ပြောပါတယ်။"Investment  Law ထွက်လာရင် ပြည်တွင်းသာမက ပြည်ပက ရင်းနှီးမြှုပ် နှံမယ့်သူတွေပါ မြေဘက်ကို စိတ်ဝင် စားမှုများလာနိုင် တယ်။ ခုအနေအထား က မြေပဲတည်တံ့တာပေါ့။ ဇွန်၊ ဇူလိုင် လဆိုပြန်ပြီး  ဦးမော့လာနိုင်တယ်။ ကျောက်သမားေ တွကလည်း  ကျောက်မျက်ပြပွဲတက်ရတာ   သုံးပတ်ရှိပြီ၊ ကျောက်တွင်းမှာ မိုးကမကျသေးတော့ ကျောက်တွင်းဘက် အလုပ်လုပ်နေ ကျ လို့ မိုးလှိုင်လှိုင်ကျချိန်ဆို  ကျောက် သမားတွေလည်း ဒီမြေဘက်ကို ပြန် လှည့်လာကြမယ်။    ကောက်ပဲသီးနှံ သမားကလည်း ဒီအချိန်လေးပဲ ပစ္စည်း လှောင်ထားကြတာ။ မိုးလှိုင်လှိုင်ကျချိန် ဆို ထုတ်ရောင်းပြီး အခါတိုင်းက ရွှေ ဝယ်ထားကြတာ။ ခုနောက်ပိုင်းမှာ မြေ ဘက်ကို ရင်းနှီးမြှုပ်နှံမယ်လို့ ခန့်မှန်း တယ်။ ကားနဲ့မြေကလည်း ဆက်စပ် နေကြတယ်။ ကားကလည်း ဆက်တိုက် သွင်းနေတော့ မြေဘက်ပဲရင်းနှီးမြှုပ် နှံလာနိုင်တယ်။ မန္တလေးမှာ ပြည်ပက  Investment  Law တွေဝင်လာရင် စက်မှု လုပ်ငန်း၊ ဟိုတယ်လုပ်ငန်းတွေ စိတ်ဝင် စားမယ် ခန့်မှန်းတဲ့အတွက် မြေကွက် ကျယ်ကျယ်ရှိမယ့်နေရာတွေ ပိုပြီးဈေး ကွက်ကောင်းနိုင်တယ်"လို့ ၎င်းက ပြော ပါတယ်။ယခုရက်ပိုင်းမှာ အရောင်းအဝယ် အေးတဲ့ကြားက ဈေးကွက်ပြန်လိုက်စ ပြုလာကြောင်း သိရပါတယ်။ မန္တလေး မြို့ ရန်ကုန်- မန္တလေး ကားလမ်းအနီးရှိ ကျွဲဆည်ကန်ရပ်  စိုက်ပျိုးရေးကွက်နဲ့ ရဲမွန်တောင်အကွက်များ၊  ထန်းကိုးပင် အကွက်များမှာ ဈေးကွက်ပြန်မာလာ ကြောင်း သိရပါတယ်။         ဇူးဇူး