သီးနှံစုံထွက်ရှိရာ ရှမ်းပြည်နယ် (တောင်ပိုင်း) ရဲ့ ဒေသထွက်ကုန် သီးနှံများ အား ပြည်တွင်းဒေသအနှံ့သို့ တင်ပို့ပေးနေသော အောင်ပန်းမြို့၊ ပြည်တော်သာ ဈေးကြီးမှာ ယခင် နှစ်လခန့်က ပို့ကုန်များလျော့ကျနေကြောင်း သိရှိရပါတယ်။ ဒေသခံပြည်သူများမှာ နှစ်စဉ်မြန်မာနှစ်သစ်ကူးချိန်မှာ အလုပ်တာဝန်များ ခေတ္တနားကာ အလှူဒါနပြုခြင်း၊ နယ်လှည့်ဘုရား ဖူးခြင်းနဲ့ အေးချမ်းပျော်ရွှင်စွာ နှစ်သစ်ကို ကြိုဆိုခြင်းဓလေ့များရှိကြပါတယ်။ မိမိစိုက်ပျိုးတဲ့သီးနှံကိုလည်း ထွက် ပေါ်ချိန် အား နှစ်သစ်ကူးကာလနဲ့ မတိုက်ဆိုင်စေရန် စနစ်တကျတွက်ချက် စိုက်ပျိုး ကြပါတယ်။ နှစ်သစ်ကူးကာလ လွန်မြောက်တဲ့ ယခုအချိန်မှာ ဒေသစုံမှ သီးနှံ အမယ်စုံများထွက်ပေါ်လာပြီး ကုန်ရောင်း၊ ကုန်ဝယ်၊ ကုန်တင်ပို့ခြင်းများ ပြန်လည် သက်ဝင်လှုပ်ရှားနေပြီဖြစ်ပါတယ်။ ယခင်ကုန်ပြတ်လပ်ချိန်မှာ ပွဲရုံများနဲ့ ပါဆယ် ဂိတ်များမှာ ကုန်သယ်ယာဉ်ခများ မြင့်တက်ခဲ့သော် လည်း ယခုကုန်ပေါ်ချိန်မှာ ဒေသသုံးသီးနှံ တင်ဆောင်ခများ တစ်ပိဿာကို ယခင် ၇၀ ကျပ်ပေးဆောင်ရာမှ ၂၀ ကျပ်ခန့်သို့ ကျဆင်းသွားခဲ့ကာ ကုန်ဈေးနှုန်း တည်ငြိမ်မှုဖြစ်ကာ ကုန်စီးဆင်း မှု မှန်ကန်၊ မြန်ဆန်၊ ချောမွေ့နေပြီဖြစ်ပါတယ်။ ဒေသ ကုန်လှိုင်လှိုင်ထွက်ပေါ် နေချိန်ဖြစ်လို့ ပွဲစားများမှာလည်း နေပြည်တော်၊ မန္တလေး၊ ရန်ကုန်ဝယ်လက်များနဲ့ ချိတ်ဆက်ကာ ကုန်တစ်ပိဿာကို ၅၀ ကျပ်နှုန်းဖြင့် ကုန်စုဆောင်းကော်မရှင်ယူ ကာ တင်ပို့ပေးနိုင်လို့ ရောင်းသူ၊ ဝယ်သူ၊ ကုန်သယ်ယူသူများနဲ့ ကုန်တင်၊ ကုန်ချ လုပ်သားများပါ ဝင်ငွေရအကျိုးအမြတ် ဖြစ်ထွန်းနေကြပါတယ်။ အောင်ပန်းကုန် စည်ဒိုင်ရဲ့ ဦးဆောင်မှုနဲ့ ကုန်စီးဆင်းမှုကျဆင်းနေရာမှ ဒေသထွက်ကုန်များ ပြည်တွင်းတစ်နံတစ်လျားတင်ပို့ခြင်း အရှိန်အဟုန်ကောင်းဖြင့် ပြန်လည်သက် ဝင်လှုပ်ရှားနေပြီဖြစ်ကြောင်း သိရှိရပါတယ်။ ငြိမ်းငြိမ်းထွေး
Background