Main menu

Background

ပုသိမ်မြို့ အိမ်ခြံမြေဈေးမြင့်၍ အရောင်းအဝယ်သွက်နေ

Thu, 05/24/2012 - 05:37 -- Anonymous (not verified)

    ပုသိမ်မြို့ရဲ့ အိမ်ခြံမြေဈေးကွက်မှာ ယခုတစ်လနှစ်လအတွင်း သိန်း ၅၀၀၊ ၁၀၀၀ ဝန်းကျင် မြင့်တက်ကာ အရောင်းအဝယ် သွက်လျက်ရှိကြောင်း၊ ပုသိမ်မြေဈေးကွက်မှာ ရန်ကုန်-မန္တလေး၊ မိုးကုတ်မြို့များမှ စီးပွားရေး လုပ်ငန်းရှင် များ လာရောက်ဝယ်ယူရင်းနှီးမြှုပ်နှံလျက်ရှိရာ ဝယ်လိုအားမြင့်တက်လျက် ရောင်းသူဈေးကွက် ဖြစ်နေကြောင်းသိရပါ တယ်။ ပုသိမ်မြို့အဝင် ရပ်ကွက်အမှတ် ၁၃ နယ်မြေ၊ ရန်ကုန် ကားလမ်းဘေး မြေနေရာများမှာ ယခင်နှစ်လခန့်က ကျပ်သိန်း ၁၅၀၀၊ ၂၀၀၀ မှ ယခုအချိန် ကျပ်သိန်း ၂၀၀၀၊ ၂၅၀၀ ဝန်းကျင်ဖြင့် အရောင်းအဝယ် ဖြစ်ကြောင်းသိရပါတယ်။ မြို့ထဲအဝင် မဟာဗန္ဓုလလမ်း မပေါ်မှာ အိမ်အခြေအနေပေါ်မူတည်ပြီး ယခင်သိန်း ၂၀၀၀၊ ၄၀၀၀ မှ ယခုကျပ်သိန်း ၃၅၀၀၊ ၅၀၀၀ ဈေးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်းသိရပါတယ်။ ပုသိမ်မြို့တွင်း ရပ်ကွက်အမှတ် ၄ နယ်မြေ အိမ်ခြံမြေ ဈေးမှာ ယခင် ကျပ်သိန်း ၃၅၀၀၊ ၄၀၀၀ မှ ယခု ၄၀၀၀၊ ၅၀၀၀ အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါ တယ်။  ဈေးကွက်မှာ အဝယ်များလို့ ရောင်းသူခေါ်ဈေးကို ဝယ်သူမှညှိနှိုင်းပြီး၊ ကြိုက်ရောင်းကြိုက်ဝယ် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ မြို့တွင်း ပတ်ဝန်းကျင်ရပ်ကွက်များမှလည်း ယခင်ထက် ၂၀ ရာခိုင်နှုန်း၊ ၃၀ ရာခိုင်နှုန်းခန့် ဈေးမြင့် တက်လျက်ရှိကြောင်း၊ ပုသိမ်မြို့မဟာဗန္ဓုလလမ်း အိမ်ခြံမြေရောင်းဝယ်ရေးလုပ်ငန်းအကျိုးဆောင် ဦးဝင်းနိုင်မှ ပြောပါ တယ်။                                                                                       မင်းမင်းဦး