Main menu

Background

ရန်ကုန်ကားဈေးတန်းများ အကျဘက်သာ ဦးတည်နေ

Thu, 05/24/2012 - 05:37 -- Anonymous (not verified)

    မေလ ဒုတိယပတ်ကာလ၏ ရန် ကုြန်မို့ ကားဈေးကွက်အခြေအနေမှာ အေးစက်နေပြီး  အရောင်းအဝယ်ပါး လျက်ရှိကြောင်း သိရသည်။ယာဉ်တင်သွင်းခွင့် အစီအစဉ် အသစ် ကြေညာခဲ့ပြီးနောက်ပိုင်း ကား ဈေးလျှော့ရောင်းချလိုသူ အများအပြား ဝိုင်းထဲသို့ဝင်ရောက် လာပြီး ညနေပိုင်း ခန့်တွင်  အရောင်းအဝယ်မရှိဖြစ်ကာ ဈေးကွက် ရပ်တန့်သလောက်နီးနီးဖြစ်ခဲ့ ကြောင်း   အပေါ်ဝိုင်း  ဝါရင့်အကျိုး ဆောင် ကိုမြင့်ကျော်မှ ပြောသည်။"အဲဒီနေ့က မိုးရွာလို့  ရာသီဥတု အေးလာပြီး ဝိုင်းထဲနေလို့  ကောင်းပေ မဲ့ နေ့လယ်ကကြားလာရတဲ့  ယာဉ်  မူဝါဒသစ် ချမှတ်တဲ့ သတင်းက ညနေ ခင်းမှာ ပိုခိုင်မာ တိကျလာတဲ့အတွက်  ရောင်းလိုသူများနေပေမဲ့ နောက်ဆက် တွဲသတင်းတွေကြောင့် အဝယ်မရှိဖြစ် ခဲ့ရတယ်"ဟု ၎င်းမှပြောသည်။    မေ ၇ ရက်မှစတင်ခဲ့သော ယာဉ် တင်သွင်းရေး  အစီအစဉ်အရ  ကြား ရက်များတွင်   ရုံးလုပ်ထုံးလုပ်နည်း/ ဘဏ်လုပ်ထုံးလုပ် နည်းများ အဆင့်ဆင့် စီမံနေရသဖြင့် မေ ၁၁ ရက်မှ စတင် ဆောင်ရွက်နိုင်ခဲ့ပြီး  ဤကြားကာလ များတွင် ဝါရင့်ဝယ်ရောင်းများ မှ ဈေးကျ ကားသန့်များအား  ဈေးဆွဲတင်မှုများ ရှိခဲ့သော်လည်း ပြန်ပါမလာဘဲ  အကျ ဈေးဘက်သို့သာ ဦးတည်ကြောင်း ကို မြင့်ကျော်မှ ပြောသည်။    လက်ရှိ အမြင့်ကား အသစ်သွင်း ကားဈေးကွက်အတွင်း ဈေးတန်းများ မှာ နှစ်ပိုင်းဖြစ်နေပြီး  ယခု အစီအစဉ် မတိုင်မီ  တင်သွင်းခွင့်ပြုထားသော ပြည်ပရောက် လုပ်သားများ၊ နိုင်ငံခြား သင်္ဘောသားအပါ) ပါမစ်မှာ ၂၀၀၇ ခုနှစ် မော်ဒယ်မှစ၍  ကားတင်သွင်း ရရှိသည့်အတွက် အင်ဂျင်ပါဝါအသေး၊ မော်ဒယ်မြင့် ကားများဈေးတန်း ချက် ချင်းပင်ပို၍ ကျဆင်းသွားပြီး ယာဉ်အို ယာဉ်ဟောင်း  အပ်နှံတင်သွင်းခွင့်ရ ရှိသည့်  အုပ်စုမှာ ၁၉၉၆ မော်ဒယ်မှ ၂၀၀၆ ခုနှစ် မော်ဒယ်အထိ တင်သွင်း ခွင့်ပေးထားသဖြင့် ဂျပန်နိုင်ငံ လေလံ ဈေးတန်းအရ   အင်ဂျင်ပါဝါအကြီး မော်ဒယ်နိမ့်ဈေးတန်း  လက်လှမ်းမီ သော ကားများမှာ ဈေးအကျအနည်း ငယ်သက်သာပြီး အရောင်းအဝယ် ဈေး ကွက်မှာ ဈေးအနိမ့်နှင့်ပင်  အသင့် အတင့်ရှိနေကြောင်း သိရသည်။              SN