Main menu

Background

မြန်မာ့ပို့ကုန်အမယ်သစ်ဖြစ်လာမည့် စပါးခွံဖွဲပြာ

Thu, 05/24/2012 - 06:14 -- Anonymous (not verified)

   လယ်ယာစိုက်ပျိုးရေးကိုဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်လျက်ရှိသည့် မြန်မာနိုင်ငံသည် ပြည်တွင်းစားသုံးမှုပိုလျှံသည့်    မြန်မာ့လယ်ယာ ထွက်ကုန် ပစ္စည်းများကို ပြည်ပသို့တင်ပို့ရင်း အဆိုပါ ပစ္စည်းများမှ ထွက်ရှိလာသည့် ဘေးထွက်ပစ္စည်းများကို လည်း ပြည်ပပို့ကုန်ဝင်ငွေ ရရှိရေးအတွက် ပြည်ပနိုင်ငံများသို့ တင်ပို့လျက်ရှိပါသည်။ဆန်စပါးမှထွက်ရှိသော ဘေးထွက်ပစ္စည်းဖြစ်သည့် စပါးခွံဖွဲပြာအား ယခုအခါ ဂျပန်နိုင်ငံမှ ဝယ်ယူရန် ကမ်းလှမ်းလာပါ သဖြင့် မြန်မာနိုင်ငံရှိ ကုမ္ပဏီတစ်ခုသည် အဆိုပါ စပါးခွံဖွဲပြာအား တင်ပို့ရန်အတွက် ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနတွင် ပို့ကုန်လိုင်စင်လျှောက်ထားနိုင်ရေး ဆောင် ရွက်လျက်ရှိကြောင်း သိရပါသည်။မိမိတို့နိုင်ငံတွင် စပါးခွံဖွဲပြာအား အိုးခွက်များဆေးကြော တိုက်ချွတ်ရာတွင် အိုးတိုက်ဖွဲပြာ အဖြစ် အသုံးပြုခြင်း၊ စိုက်ပျိုးရေး လုပ်ငန်းအတွက် ပျိုးပင်များစိုက်ပျိုးရာတွင် မြေဆွေး၊ သဲတို့နှင့် ရောစပ်၍ သုံးစွဲခြင်းများရှိပြီး၊ ဂျပန်နိုင်ငံတွင်မူ သံရိုင်းနှင့် သံကုန်ကြမ်းများကို အရည်ဖျော်စက် အတွင်းသို့ထည့်ရာ၌ သံချော်ရည်များကိုစစ်ထုတ်ရန်အတွက် စပါးခွံဖွဲပြာအား ထည့်သွင်းအသုံးပြု မည်ဖြစ်ကြောင်း သိရပါသည်။သို့ပါ၍ ဘေးထွက်စွန့်ပစ်ပစ္စည်းတစ်မျိုးဖြစ်သည့် စပါးခွံဖွဲပြာသည် အမှိုက်ထဲမှ ရွှေဖြစ်လာ နိုင်ကာ ပြည်ပပို့ကုန်ဝင်ငွေရ ရှိနိုင်ရေး ဆောင်ရွက်ပေးနိုင်တော့မည့်အကြောင်း  သိရှိနိုင်ပါရန် သတင်းကောင်းပါးလိုက်ရပါသည်။                                              စန္ဒာထွန်း