Main menu

Background

နွေစပါးများ အရည်အသွေး မကျဆင်းရေး အသိပညာပေး ဆွေးနွေး

Thu, 05/24/2012 - 06:16 -- Anonymous (not verified)

          မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ်ရေး၊ လက်ပံတန်းမြို့နယ် TPIS  ဝန်ထမ်းများဟာ နွေစပါးများ အရည်အသွေး မကျဆင်းရေး အသိပညာပေးဆွေးနွေးခြင်းကို မေ ၁၄ ရက်မှာ လက်ပံတန်းမြို့၊ အုတ်တွင်းကျေးရွာမှာ နွေစပါးစိုက် တောင်သူ များနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ထိုသို့ ဆွေးနွေးရာမှာ အချို့တောင်သူများ နွေစပါးရိတ်သိမ်းနေကြပြီဖြစ်လို့ ရင့်မှည့်တဲ့စပါးများကို ရိတ်သိမ်းရာမှာ မိုးရွာချိန် မရိတ်သိမ်းဖို့၊ ရိတ်သိမ်းပြီးကောက်လှိုင်းများကို အမိုးအကာအောက်အမြန်ဆုံး ရောက်အောင်သယ်ယူပြီး၊ ခြွေလှေ့ စက်ဖြင့်  ခြွေရန်၊  ဖြစ်နိုင်ပါက ရိတ်သိမ်းခြွေလှေ့စက် အသုံးပြုဆောင်ရွက်ရန်၊ ခြွေလှေ့ပြီးစပါးများကို ခြောက်သွေ့အောင် အခြောက်လှန်းခြင်း၊ အခြောက်ခံခြင်းများ ဆောင်ရွက်ပြီးမှ စနစ်တကျသိုလှောင်ကြိတ်ခွဲရန် ဆွေးနွေးခဲ့ပါတယ်။  စပါးများ ရေစိုမိုးမိ ပါက ပျက်စီးဆုံးရှုံး လေလွင့်လျော့နည်းမှုများနိုင်ပြီး ဆန်ဝါပေါက်ခြင်းများ ဖြစ်လာနိုင်ခြင်းတို့ကြောင့် စပါးအရည်အသွေး မကျဆင်းရေးအတွက် တောင်သူများအနေနဲ့ ရာသီဥတုအခြေအနေ၊ မိုးလေဝသ သတင်းများနားထောင်ပြီး နွေစပါးရိတ် သိမ်း ခြွေလှေ့ခြင်းကို ရိတ်သိမ်းခြွေလှေ့စက် အသုံးပြုသင့်ကြောင်း၊ စပါးများ ပြိုင်တူရင့်မှည့် တာကြောင့် ရိတ်သိမ်းခြွေလှေ့စက် ငှားရမ်းမရနိုင်ပါက တောင်သူများ အစုစပ်ဝယ်ပြီး အသုံးပြုဖို့နဲ့ ဝယ်ယူခြင်းမပြုနိုင်သေးပါက လူအားနဲ့ရိတ် ပြီး၊ ခြွေလှ့စက်နဲ့ အမြန်ခြွေလှေ့သင့်ကြောင်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။        စိုးငြိမ်း