(၄)ပိုမိုလွတ်လပ်တဲ WTO ကုန်သွယ်မှုစနစ်တွေက နေ လူနေမှုကုန်ကျစရိတ်တွေကို လျှော့ချပေးစေတယ်။"ကျွန်တော်တို့အားလုံးက စားသုံးသူတွေ ဖြစ်တယ်။ ကျွန်တော်တို့က ကျွန်တော်တို့ရဲ့ အစားအစာတွေ၊ အဝတ်အထည်တွေ၊ ကျွန် တော်တို့ လိုအပ်ချက်တွေ၊ ဇိမ်ခံပစ္စည်းတွေနဲ့ အရာရာတိုင်းအတွက် ပေးနေကြရတဲ့ဈေးနှုန်း တွေက ကုန်သွယ်မှုမူဝါဒတွေနဲ့ဆက်စပ်ထိရိုက် မှုရှိစေတာ ဖြစ်တယ်။"ကိုယ်ကျိုးကာကွယ်မှုမူဝါဒက ဈေးနှုန်းတွေ မြင့်မားလာပြီး တန်ဖိုးတွေ မြင့်မားလာစေတာဖြစ် တယ်။ WTO ရဲ့ ကမ္ဘာလုံးဆိုင်ရာစနစ်က သဘော ထားကွဲလွဲမှု မရှိစေတဲ့ နည်းလမ်းတွေ အသုံးပြု စေ့စပ်ညှိနှိုင်းမှုတွေကနေ ကုန်သွယ်မှု အတား အဆီးတွေကို လျော့နည်းကျဆင်းလာစေတာ ဖြစ် တယ်။ ရလဒ်ကတော့ (ကုန်ထုတ်လုပ်ရာမှာ အသုံး ပြုရတဲ့သွင်းကုန်တွေ ဈေးကျလာတာကြောင့်/ ကုန်ထုတ်လုပ်မှုကုန်ကျစရိတ်တွေ လျော့နည်းကျ ဆင်းလာပြီး ကုန်ချောတွေနဲ့ ဝန်ဆောင်မှုတွေ ရဲ့ဈေးနှုန်းတွေ ကျလာပြီး အဆုံးမှာ လူနေမှုကုန် ကျစရိတ်တွေ လျော့နည်းကျဆင်း လာစေတာဖြစ် တယ်။ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒနဲ့ လွတ်လပ်တဲ့ ကုန်သွယ်မှုရဲ့ အကျိုးသက်ရောက်စေမှု တွေနဲ့ပတ်သက်ပြီး လေ့လာမှုတွေများ စွာ ပြုလုပ် ခဲ့ကြတယ်။အစားအစာတွေ ဈေးပေါလာတယ်သင်က သင့်ရဲ့စိုက်ပျိုးရေးမှာ ကိုယ်ကျိုး စီးပွားကာကွယ်တဲ့စနစ်ကို အသုံးပြုတဲ့အခါ သင့် အစားအစာကုန်ကျစရိတ် က မြင့်တက်လာစေတာ ဖြစ်တယ်။ မြင့်တက်မှုက ဥရောပသမဂ္ဂမိသားစု လေးဦးတို့အတွက် ၁-နှစ်ကို ခန့်မှန်း အမေရိကန် ဒေါ်လာ ၁၅၀၀ လောက် မြင့်တက်လာစေတာဖြစ် တယ်။ ဂျပန်နိုင်ငံမှာ ၁၉၉၅-ခုနှစ်က အစားအစာ ပေါ်မှာ အခွန်အကောက် ၅၁ရာခိုင်နှုန်း မြင့်တက် လာခဲ့တယ်။ ၁၉၈၈ ခုနှစ် တစ်နှစ်တည်းမှာပဲ အမေရိကန်ပြည်ထောင်စု စားသုံးသူတွေရဲ့ အသုံး စရိတ်မှာ အမေရိကန်ဒေါ်လာ ၃ ဘီလီယံပိုမို ကုန်ကျစေခဲ့တယ်။ စိုက်ပျိုးရေးဆိုင်ရာ ကုန်သွယ် ရေးမူဝါဒတွေ ပြန်လည်ပုံစံဖော်ဖို့ စေ့စပ်ညှိနှိုင်း မှုက ရှုပ်ထွေးတဲ့ အစိုးရတွေရဲ့ တာဝန်ယူလုပ် ဆောင်မှုမှာ အခုတိုင်ဆွေးနွေးညှိနှိုင်းအဖြေရှာ နေကြရဘဲဖြစ်ပြီး စိုက်ပျိုးရေးဆိုင်ရာမူဝါဒတွေက အစားအစာ လုံခြုံစိတ်ချရမှုကနေ ပတ်ဝန်းကျင် ကာကွယ် ထိန်းသိမ်းမှုအထိ ကျယ်ပြန့်စွာရှိနေ တယ်လို့ ဆိုတယ်။သို့ပေမယ့် WTO အဖွဲ့ဝင်နိုင်ငံတွေက အဆိုးရွားဆုံး အတားအဆီးတွေ ဖြစ်ခဲ့တယ်။အခုအခါမှာ မလိုအပ်တာတွေနဲ့ ကုန်သွယ်မှု အတားအဆီးတွေကို လျှော့ချမှုတွေပြုလုပ်နေကြ တယ်။ ၂၀၀၀ ပြည့်နှစ်အတွင်းမှာတော့ ဆွေးနွေး မှုအသစ်တွေက စိုက်ပျိုးရေး လုပ်ငန်းတွေမှာ ပြန်လည်ပြုပြင်မှုတွေ လုပ်နိုင်စေဖို့ အစပြုနိုင် တော့မှာဖြစ်တယ်လို့ ဆိုတယ်။ အဝတ်အထည်တွေ ဈေးပေါလာတယ်၁၉၈၀ ပြည့်နှစ်နောက်ပိုင်းတွေမှာ သွင်းကုန် ကန့်သတ်ထိန်းချုပ်မှုတွေနဲ့မြင့်မားတဲ့ အကောက် ခွန်အခတွေ ပေါင်းစည်းပြီး အမေရိကန် ပြည် ထောင်စုရဲ့ အဝတ်အထည်နဲ့ အဝတ်အစား ဈေး နှုန်းတွေက ၅၈ရာခိုင်နှုန်း မြင့်မားလာစေခဲ့တယ်။အဲဒီ ကန့်သတ်ချက်တွေကြောင့် ယူကေက စားသုံးသူတွေက သူတို့ရဲ့ အဝတ်အစားတွေ အတွက် ၁ နှစ်ကို ခန့်မှန်းအားဖြင့် ပေါင်သန်း ၅၀၀ လောက် ပေးနေကြရတယ်လို့ ဆိုတယ်။ကနေဒါ လူမျိုးတွေမှာတော့ ကနေဒါဒေါ်လာ သန်း ၁၈၀ လောက် ပေးဆောင်နေကြရတယ်။အကယ်၍ သြစတြေးလျအကောက်ခွန်နှုန်းထား တွေက ၁၉၈၀-ပြည့်နှစ်တွေနဲ့ ၁၉၉၀ ပြည့်ကာလ အစောပိုင်းတွေမှာ လျှော့ချမှု မလုပ်တာကြောင့် နှစ်စဉ် ပျှမ်းမျှအားဖြင့် ပျမ်းမျှမိသားစုတွေမှာ သြစတြေးလျဒေါ်လာ ၃၀၀ လောက် နှစ်စဉ်ပေး နေကြရမှာဖြစ်တယ်လို့ ဆိုတယ်။WTO ရဲ့အစီအစဉ်လုပ်ဆောင်မှုအောက် မှာ ချည်ထည်နဲ့အဝတ်အထည် ကုန်သွယ်မှုတွေမှာ အဓိကပြုပြင်ပြောင်းလဲမှု တစ်ခု ပြုလုပ်ကြရမှာ ဖြစ်တယ်။ ၂၀၀၅ ခုနှစ်မှာ အပြီးလုပ်ဆောင်မယ် လို့ဆိုတယ်။ လုပ်ဆောင်မှုအစီအစဉ်မှာ သွင်းကုန် ပမာဏ ကန့်သတ်မှုတွေ ပယ်ဖျက်စေရေးတွေ ပါဝင်တယ်။ အခြားကုန်ပစ္စည်းတွေလည်း အလားတူဈေးကျလာမယ်အမေရိကန် ပြည်ထောင်စုကနေ ၁၉၈၀ ပြည့်နှစ် အစပိုင်းကာလတွေမှာ ဂျပန်ကားတင် သွင်းမှုတွေကို ကန့်သတ်လိုက်တဲ့ အတွက် မော်တော်ကား ဈေးနှုန်းတွေက ၁၉၈၀ နဲ့ ၁၉၈၄ ခုနှစ် အကြားမှာ ၄၁ရာခိုင်နှုန်း မြင့်တက်သွားခဲ့တယ်။ ဒါကစားသုံးကုန်ပစ္စည်းတွေ အားလုံးအတွက် နှစ် ဆနီးပါးတိုးတက်လာခဲ့ တာ ဖြစ်တယ်လို့ဆိုတယ်။ရည်မှန်းချက်က အမေရိကန်အလုပ်အကိုင်တွေ ရရှိစေဖို့ဖြစ်ပေမယ့် ဘာကြောင့် အလုပ်အကိုင် ဆုံးရှုံးမှုတွေကို ဦးတည်စေတဲ့ ကားသစ် တစ်သန်း ရောင်းချရမှု ကျဆင်းသွားတာက ဈေးနှုန်းတွေမြင့် တက်လာလို့ဖြစ်တယ်။ Doha Development Agende (DDA) ရဲ့ ဦးတည်ချက်တွေ အနက်တစ်ခုက စက်မှုထုတ်ကုန်တွေရဲ့ အခွန်အခတွေ လျှော့ချ ဖြတ်တောက်ပေးဖို့ဖြစ်တယ်။ အခုလို ဖြစ်တောက် ပေးမှုတွေကနေ ဖွံ့ဖြိုးဆဲနိုင်ငံတွေဖြစ်တဲ့ ကမ္ဘာ့ သုံးပုံတစ်ပုံသော နိုင်ငံတွေရဲ့ဝင်ငွေက အမေရိကန် ဒေါ်လာ ၅၂ ဘီလီယံအထိ မြင့်တက်လာနိုင်မှာ ဖြစ်တယ်လို့ စီးပွားရေးပညာရှင်တွေက ခန့်မှန်း ထားကြတယ်။ဝန်ဆောင်မှုဈေးနှုန်းတွေလည်း ကျလာတယ်တယ်လီဖုန်း ဝန်ဆောင်မှုတွေမှာ အမြင် ကျယ်လာစေတာနဲ့အမျှ တယ်လီဖုန်းခေါ်ဆိုခတွေ က ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ၁၉၉၀ ပြည့်နှစ်တွေမှာ ၄ရာခိုင်နှုန်းနဲ့ စက်မှုနိုင်ငံတွေမှာ ၂ ရာခိုင်နှုန်း ပိုမိုဈေးပေါလာစေမှာ ဖြစ်တယ်လို့ ဆိုတယ်။ Robert Stem ဦးဆောင်တဲ့ စီးပွားရေးပညာ ရှင်အုပ်စုကတော့ Doha Development Agende ရဲ့ စီမံခန့်ခွဲမှုအောက်မှာ ဝန်ဆောင်မှု အတားအဆီးတွေ သုံးပုံတစ်ပုံ လျှော့ချမှုတွေ ကနေ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ဝင်ငွေတွေအမေရိကန် ဒေါ်လာ ၆၀ ဘီလီယံ တိုးလာစေမှာဖြစ်တယ်လို့ ဆိုတယ်။
Background