ကမ္ဘောဒီးယားနဲ့ တောင်ကိုရီးယားကြား ကုန်သွယ်ရေးက ၂၀၁၂ ခုနှစ် ပထမ သုံးလပတ် မှာ ၃၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ဖနွမ်းပင်ရှိ ကိုရီးယားကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးအေဂျင်စီရဲ့စာရင်းများအရ သိရပါတယ်။ ဇန်နဝါရီကနေ မတ်လထိကာလအတွင်းမှာ နှစ်နိုင်ငံကုန်သွယ်မှုဒေါ်လာ သန်း ၁၆၀ ရှိပြီး ယခင်နှစ်ကာလတူထက် ၃၅ ရာခိုင်နှုန်းမြင့်တက် ခဲ့ ကြောင်း သိရပါတယ်။ ယခုနှစ် ပထမ သုံးလမှာ ကမ္ဘောဒီးယားကနေ တောင်ကိုရီးယားကို ပို့ကုန်တင်ပို့မှုဒေါ်လာ သန်း ၃၀ ရှိပြီး ယခင်နှစ်ထက် ၇၆ ရာခိုင်နှုန်းမြင့်တက်ကာ တောင်ကိုရီး ယားကနေ တင်သွင်းမှုဒေါ်လာ သန်း ၁၃၀ ဖိုးရှိပြီး ၂၉ ရာခိုင်နှုန်း မြင့်တက်ခဲ့တယ်လို့သိရပါ တယ်။ ကမ္ဘောဒီးယားကနေ တောင်ကိုရီးယားကို အဓိကတင်ပို့တဲ့ပစ္စည်းတွေကတော့ အထည် အလိပ်၊ စတီး၊ သတ္တုထုတ်ကုန်၊ စိုက်ပျိုးရေးနဲ့ သစ်တောထွက်ကုန်တွေဖြစ်ပြီး တောင်ကိုရီးယား ကနေ ပြန်လည်တင်သွင်းတာကတော့ အထည်အလိပ်၊ ချည်ထည်ကုန်ကြမ်း၊ မော်တော်ကား၊ လျှပ်စစ်ပစ္စည်းများနဲ့ ဓာတုထုတ်ကုန်များဖြစ်ကြောင်း သိရ ပါတယ်။ဒါ့အပြင် ဖနွမ်းပင်မှာရှိတဲ့ ဗီယက်နမ်သံရုံးမှ ကုန်သွယ်ရေးဌာနရဲ့ ထုတ်ပြန်ချက်အရ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်ကုန်သွယ်မှုက ယခုနှစ်ပထမ ၃ လမှာ ဒေါ်လာ ၉၁၉ သန်းရှိပြီး ယခင်နှစ်အလားတူကာလထက် ၄၃ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါတယ်။ ၎င်းင်းကိန်းဂဏန်း များအရ ကမ္ဘောဒီးယားမှ ဗီယက်နမ်သို့တင်ပို့မှုဒေါ်လာ ၂၀၁ သန်းရှိပြီး ယခင်နှစ်ထက် ၅၇ ရာခိုင်နှုန်းတိုးကာ ဗီယက်နမ်မှတင်သွင်းမှု ဒေါ်လာ ၇၁၈ သန်းရှိပြီး ၇၈ ရာခိုင်နှုန်း မြင့် တက်ခဲ့ကြောင်း သိရပါတယ်။ ကမ္ဘောဒီးယားမှ ဗီယက်နမ်သို့တင်ပို့ကုန်တွေကတော့ လယ်ယာ ထွက်ကုန် ကုန်ကြမ်း၊ ဆန်၊ ဆေးရွက်ကြီး၊ ပြောင်း၊ ပီလောပီနံနဲ့ ရော်ဘာတို့ဖြစ်ပြီး ဗီယက်နမ်မှ ကမ္ဘောဒီးယားကို ဓာတ်ဆီ၊ ဆောက်လုပ်ရေးသုံးပစ္စည်းများ၊ ဆက်သွယ်ရေးသုံးပစ္စည်းများ၊ စိုက်ပျိုး ရေးသုံးစက်ကိရိယာများ၊ ဓါတ်မြေသြဇာနဲ့ လူသုံးကုန်များတင်သွင်းတယ်လို့ သိရပါတယ်။ Source: GNA, K.Z.W
Background