Main menu

Background

ဂျပန်နိုင်ငံမှ ကျောက်မျက်လက်ဝတ်ရတနာများ အော်ဒါမှာယူမှုရှိ

Thu, 05/24/2012 - 06:21 -- Anonymous (not verified)

     ဂျပန်နိုင်ငံမှ မြန်မာကျောက်မျက်ရတနာများအနက် ကျောက်စိမ်းလက်ဝတ်ရတနာများ ဝယ်ယူဖို့ အော်ဒါမှာ လျက်ရှိကြောင်းသိရပါတယ်။ လက်ဝတ်ရတနာများအနက် တစ်မျိုးကို ၅ ဒေါ်လာနဲ့ ၁၀ ဒေါ်လာတန်ဖိုးရှိတဲ့ ပစ္စည်း များပြုလုပ်ထားဖို့ ကမ်းလှမ်းထားကြောင်း သိရပါတယ်။ ၎င်းနိုင်ငံမှ အော်ဒါမှာယူမှုမှာ ပထမဆုံးအကြိမ် ကမ်း လှမ်းခြင်းဖြစ်ကြောင်း သိရပါတယ်။မန္တလေးတိုင်းဒေသကြီး ကျောက်မျက်လက်ဝတ်ရတနာနဲ့ လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဒေါ်ခင်လေးမြင့်က "မနှစ်တုန်းက အာဆီယံဂျပန်စင်တာ ကကြီးမှူးကျင်းပတဲ့ပွဲမှာသွားပြခဲ့တော့ ကျောက်စိမ်းကို မြန်မာနိုင်ငံကထွက်ရှိပြီး၊ ဈေးသက်သာမှန်း သိသွားကြတာ။ အရင်တုန်းက တရုတ်နိုင်ငံကနေ ဝယ်ယူဝတ်ဆင်ကြတာလို့ပြောတယ်။ ဒါကြောင့် အော်ဒါမှာယူခြင်းဖြစ်ပါတယ်။ သူတို့မှာထားတာက ဆွဲကြိုး၊ လက်ကောက်၊ နားကပ်ကို ပတ်လည်ကြိုးပုံစံမှာထားတယ်။ အန်တီတို့လည်း ပစ္စည်းစုဆောင်းနေကြပြီ။ ကိုယ့်ဘာသာပဲ ဒီဇိုင်းလုပ်ကြမယ်"လို့ ပြောပါတယ်။ကျောက်စိမ်းလက်ဝတ်ရတနာများ အော်ဒါမှာယူမှုကို ဇူလိုင်လမှာ ပြန်လည်အကြောင်းကြားမှာဖြစ်ကြောင်း သိရပါတယ်။       ဇူးဇူး