မန္တလေးဈေးချိုတော်တစ်ဝိုက် ကြွပ်ကြွပ်အိတ်သုံးစွဲမှုပြန်မြင့်တက်

    ကြွပ်ကြွပ်အိတ် ကင်းစင်နယ်မြေ အဖြစ်  စီမံချက်ချဆောင်ရွက်ခဲ့စဉ်က အင်ဖက်၊ ငှက်ပျောဖက်၊ ကြာဖက်သုံးစွဲ မှု မြင့်တက်လာပြီး၊ ယခုနောက်ပိုင်းမှာ ၁၀  ရာခိုင်နှုန်းသာ  သုံးစွဲမှုရှိတော့ ကြောင်း ဖက်ရောင်းဝယ်သူ ဦးဝင်းဆွေ မြင့် က ပြောပါတယ်။ "ကျွန်တော်က  ထီးလှိုင်ဈေးမှာ ဖက်ရွက်အစုံ လက်ကားရောင်းခဲ့ပါ တယ်။ ကြွပ်ကြွပ်အိတ်ကင်းစင်ဖို့ စီမံ ချက်ချ ဆောင်ရွက် စဉ်ကာလက အင် ဖက်တစ်မျိုးတည်းကို အထုပ် ၁၀၀၀ လောက်ကုန်ခဲ့တာ။  အခုနောက်ပိုင်း မှာ ပြန်စစ်ဆေးတာမျိုးမရှိတော့ ဖက်ရွက် သုံးစွဲမှုက အထုပ် ၁၅၀ လောက်ဆို လုံလုံလောက်လောက်  ဖြစ်သွားပြီ။ ဈေးချိုတစ်ဝိုက်ရော မန္တလေးမြို့ပေါ် က ဈေးတွေမှာကအစ  ၇၀ ရာခိုင်နှုန်း ကျော်က ကြွပ်ကြွပ်အိတ်သုံးစွဲလာပြန် ပြီ။ အရင်ကဆို မြိုင်၊ မြင်းခြံထိ မှာယူ တဲ့အတွက် အင်ဖက် တင်ပို့ခဲ့ရတာ။ အင်ဖက်ဝယ်သူနည်းလို့  လက်လီပြန် ရောင်းနေရတယ်''လို့ ၎င်းက ပြောပါ တယ်။ကြွပ်ကြွပ်အိတ်များ ပြန်လည်သုံးစွဲ ခြင်းကြောင့် လတ်တလောမှာ ကုန်စိမ်း (ပူစီနံ၊ နံနံ၊ ကြက်သွန်မြိတ်)များ ထုပ် ရာမှာ သုံးစွဲခြင်း၊ သရက်သီးသေတ္တာ များမှာ အင်ဖက်ခံပြီး သုံးစွဲခြင်း၊ ကြာ ဖက်နဲ့ ငါးဖယ်ထုပ်ခြင်း၊ အသီးအနှံများ ရောင်းချရာမှာ ငှက်ပျောဖက်ခံပြီး တင် ရောင်းခြင်း၊ ကွမ်းရွက်၊ သံပုရာသီးများ တစ်နယ်နဲ့တစ်နယ် တင်ပို့ရာမှာ ငှက် ပျောဖက်သုံးစွဲခြင်းများသာ ရှိကြောင်း သိရပါတယ်။     ဇူးဇူး