Main menu

Background

ရက်သတ္တပတ် စီးပွားရေးသတင်းတိုများ

Thu, 05/24/2012 - 06:26 -- Anonymous (not verified)

ဝါရှင်တန်    ဂျီ-၈ ထိပ်သီး  ဆွေးနွေးပွဲကို တက်ရောက်လာကြတဲ့ နိုင်ငံ့ခေါင်း ဆောင်တွေက ကမ္ဘာ့ရေနံဈေးကွက် ကို ဖိစီးလျက်ရှိနေတဲ့ အကြောင်း တရားတွေနဲ့  တုံ့ပြန်ရမဲ့  အချက် တွေကို   ဆွေးနွေးကြမှာဖြစ်ကြောင်း အမေရိကန်သမ္မတ    ဘားရက် အိုဘားမားရဲ့ လုံခြုံရေး အကြံပေး တွမ်ဒိုနီလန်က ပြောပါတယ်။ ဒါပေ မဲ့ မဟာဗျူဟာအရန်ရေနံကိုထုတ်မ ရောင်းခြင်းကိုမူ ပြောကြားခြင်းမရှိပါ။Sources.reuters.comဝါရှင်တန်    ဆက်လက်ဖြစ်ပွားနေတဲ့ စီးပွား ရေးဆုတ်ကပ်နဲ့ စပိန်အစိုးရရဲ့ချေးငွေ အပေါ်ယုံကြည်စိတ်ချရမှုအခြေ အနေ လျော့ကျတဲ့အတွက်     ဒီချေးငွေ အဆင့် သတ်မှတ်ရေး အေဂျင်စီက စပိန်ဘဏ် ၁၆ ခုရဲ့ ချေးငွေအဆင့် ကို တစ်ဆင့်မှ သုံးဆင့် အကြား အဆင့်သို့မေ ၁၇ ရက်က အသီးသီး လျှော့ချခဲ့ပါတယ်။Sources.APဂျနီဗာ    ကမ္ဘာ့စီးပွားရေးကို အကျပ်အ တည်း အကြိုကာလ အဆင့်ကို ပြန် ရောက်အောင် ဆောင်ရွက်နိုင်ဖို့ အတွက် ဂျီ-၂၀ နိုင်ငံတို့က အလုပ် အကိုင် ၂၁ သန်း ဖန်တီးရမှာ ဖြစ် ကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ် သမားအဖွဲ့နဲ့ စီးပွားရေး ပူးပေါင်း ဆောင်ရွက်ရေးနဲ့ ဖွံ့ဖြိုးရေး အဖွဲ့ တို့က မေ ၁၇ ရက်မှာထုတ်ပြန်တဲ့ ပူးတွဲကြေညာချက်မှာ ဖော်ပြထား ပါ တယ်။    Sources.xinhua ဟနွိုင်း    ဗီယက်နမ်ရဲ့ ပျမ်းမျှ အင်တာ နက် ဆက်သွယ်မှုနှုန်းက ၁ ဒသမ ၆၆၄ Mbps   ရှိပါတယ်။ ဒီနှုန်းက ကမ္ဘာ့ ပျမ်းမျှ ဆက်သွယ်နှုန်းဖြစ်တဲ့ ၂ ဒသမ ၃ Mbps  နှုန်းအောက်ကို နိမ့်ကျနေပါတယ်။Sources.VNS